ကြိုက်နှစ်သက်ရာ ခေါင်းစဉ်များကို
ကြည့်ရှုနိုင်ပါပြီ
လောကဓံဆိုတာ အမြဲ တသမတ်တည်း မရှိတတ်ပါဘူး။ ဆူကြုံနိမ့်မြင့် အဆင့်ဆင့် ပြောင်းလဲနေတဲ့အရာမျိုး ဖြစ်ပါတယ်။ ခက်တာက အမြင့်ရောက်နေချိန်မှာ အဖော်ပြုဝန်းရံပေးလိုသူတွေဆိုတာ ရှာစရာမလိုဘဲ သူ့အလိုလို ရောက်လာတတ်ကြပေမယ့်၊ အနိမ့်ရောက်နေချိန်မှာတော့ အရင်းနှီးဆုံးမိတ်ဆွေတွေကိုတောင် ရှာရခက်တတ်ပါတယ်။ ဘ၀ရဲ့ ဆူကြုံနိမ့်မြင့် အဆင့်တိုင်းမှာ သစ္စာရှိတဲ့တိုင်ပင်ဖက်တစ်ယောက်ကိုရဖို့ဆိုတာ မလွယ်ကူပေမယ့်လည်း
လူတိုင်းတောင့်တလိုချင်ကြပြီး လိုလည်းလိုအပ်တဲ့အရာ ဖြစ်ပါတယ်။
တိုင်ပင်ဖက်မိတ်ဆွေကောင်းဆိုတာ ကိုယ်တစ်ယာက်တည်း တိတ်တဆိတ် အထီးကျန်နေချိန်မှာ အနားကနေ အဖော်ပြုပေးတတ်သူ၊ စမ်းတဝါးဝါးနဲ့ လမ်းပျောက်နေချိန်မှာ အလင်းပေးလမ်းပြသူ၊ ကြေကွဲနာကျင်နေချိန်မှာ နှစ်သိမ့်သက်သာစေသူ၊ ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်ဖို့ အားမရှိချိန်မှာ
ကိုယ့်ရဲ့ယုံကြည်မှုကို ပြန်လည်ကုသတည်ဆောက်ပေးသူမျိုး ဖြစ်ပါတယ်။
-
စာနာပေးတတ်တဲ့ လူ(၂)မျိုး
-
မိတ်ဆွေကောင်း၊အဖော်မွန်စစ်
-
ဆူကြုံနိမ့်မြင့် အဆင့်တိုင်းအတွက် အကောင်းဆုံးသောတိုင်ပင်ဖက်
-
သူစိမ်းမှသည် အဖော်မွန်
-
ဘဝကို အရှုံးပေးတော့မှာလား
-
ချစ်ခြင်းမေတ္တာ အတုအစစ်ကို ဘယ်လို ခွဲမလဲ
-
ချူဝါးဝါးပုံပြင်ကနေ ပေးတဲ့သင်ခန်းစာ
-
အသက် (၃၀)အောက်တိုင်း ဒါတွေကို အဓိကလုပ်ပါ