"သူစိမ်းမှသည် အဖော်မွန်"

သူစိမ်းတွေက ဘ၀ရဲ့အဖော်မွန်အဖြစ်ကို ဘယ်လိုရောက်ရှိလာကြသလဲ? 


ဘ၀မှာကြုံဆုံရတဲ့လူတွေဟာ ရင်းနှီးမှုအဆင့်ချင်း မတူကြပါဘူး။ သူစိမ်းအဆင့်၊ ဧည့်သည်အဆင့်၊ ရင်းနှီးသူအဆင့်၊ မိတ်ဆွေသူငယ်ချင်းအဆင့်၊

အဖော်မွန်အဆင့်ဆိုပြီး အဆင့်အမျိုးမျိုးမှာ ရှိနေကြပါတယ်။ သူစိမ်းအဆင့်မှာတော့ လူအများဆုံးရှိနေပြီး၊ အဖော်မွန်အဆင့်မှာတော့ အနည်းဆုံးပဲ

ဖြစ်ပါတယ်။


သူစိမ်းတွေကိုတော့ အင်တာနက်လူမှုကွန်ယက်မှာဖြစ်စေ၊ ပြင်ပလူမှုဘ၀မှာဖြစ်စေ နေ့စဉ်တွေ့မြင်ရလေ့ရှိပြီး ရေတွက်လို့မကုန်နိုင်အောင် အများကြီးရှိတတ်ပါတယ်။ သေချာတာက သူစိမ်းတိုင်းဟာ မိတ်ဆွေဖြစ်မလာကြသလို မိတ်ဆွေတိုင်းဟာလည်း ဘ၀အဖော်မွန်ဖြစ်မလာတတ်ပါဘူး။

ဒီလိုဆိုရင် မရေမတွက်နိုင်တဲ့ သူစိမ်းတွေထဲကမှ၊ ဘယ်သူတွေဟာ ဘယ်လိုဖြစ်ပြီး ကိုယ့်ဘ၀ရဲ့အဖော်မွန် ဖြစ်လာတာပါလဲ? 


ဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေအများကြီးထဲက အဓိကအကြောင်းအရင်းတစ်ခုကတော့ နှလုံးသားချင်း ထပ်တူကျမှုနှင့် စိတ်ချယုံကြည်ရမှုကြောင့်ပဲ ဖြစ်ပါတယ်။ ရင်းနှီးမှုကာလဘယ်လောက်ပဲ ကြာမြင့်သည်ဖြစ်စေ နှလုံးသားချင်းတစ်ထပ်တည်းမဖြစ်ရင်၊ စိတ်ချယုံကြည်လို့ရသူ မဟုတ်ရင် ဘ၀အဖော်မွန်ဖြစ်လာဖို့ မလွယ်ပါဘူး။ 


သူစိမ်းတွေကတော့ (ကျွန်တော်တို့ရဲ့ခံစားမှုမပြောနဲ့) ကျွန်တော်တို့ရဲ့ တည်ရှိမှုကိုတောင် သတိမထားမိကြပါဘူး။ မိတ်ဆွေတွေကတော့ ကျွန်တော်တို့ကို အတိုင်းအတာတစ်ခုထိ အဖော်ပြုပေးသူတွေ ဖြစ်ပါတယ်။ ဘ၀အဖော်မွန်ကတော့ အပေါ်ယံ ပကာသနတွေ မပါဘဲ၊ ဟန်ဆောင်ဖုံးကွယ်စရာ မလိုဘဲ၊ မဝံ့မရဲဖြစ်စရာ မရှိဘဲ၊ စကားလုံးရွေးချယ်စရာ မလိုဘဲ၊ အရှိကိုအရှိအတိုင်း ရင်ဖွင့်လို့ရ၊ ပေါက်ကွဲလို့ရ၊ တိုင်ပင်လို့ရတဲ့သူ ဖြစ်ပါတယ်။ ကိုယ့်ကို အထင်သေးသွားမှာ၊ အမြင်လွဲသွားမှာ… စတာတွေကို စိတ်ပူစရာမလိုတဲ့အပြင် သူ့ကို စိတ်ချလို့ရပါ့မလားဆိုပြီး သံသယဖြစ်စရာအကြောင်း မရှိတဲ့သူမျိုး ဖြစ်ပါတယ်။ 


ဘ၀အဖော်မွန်လို့ ပြောလိုက်ရင် လူတစုံတယောက်ကိုပဲ မြင်လေ့ရှိပါတယ်။
ဘုရားကိုရော ဘ၀အဖော်မွန်တစ်ယောက်လို သဘောထားလို့ ရနိုင်ပါသလား? ဟုတ်ကဲ့၊ သေချာပေါက် ရနိုင်ပါတယ်။ 


ယေရှုဘုရားဟာ ဘာသာရေးအယူအဆတစ်ခုကို မိတ်ဆက်ပေးဖို့၊ ဘာသာအယူဝါဒတစ်ခုကို ထူထောင်ဖို့ လောကကြီးထဲ ရောက်လာခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့ ရင်းနှီးမှုတည်ဆောက်ဖို့ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ဘ၀ရဲ့အဖော်မွန်ဖြစ်ဖို့အထိ ရင်းနှီးလိုသူ ဖြစ်ပါတယ်။ သူ့ရဲ့  ထင်ရှားတဲ့ အမည်နာမတစ်ခုက “
အံ့ဩဖွယ် တိုင်ပင်ဖက်” ဖြစ်ပါတယ်။ အခကြေးငွေယူပြီး ပရော်ဖက်ရှင်နယ်တစ်ယောက်လို ၀န်ဆောင်မှုပေးတဲ့ တိုင်ပင်ဖက်မျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ နှလုံးသားချင်းထပ်တူခံစားပေးပြီး၊ ဘ၀တစ်ခုလုံးကို တာဝန်ယူစောင့်ရှောက်ပေးလိုတဲ့ ဘ၀အဖော်မွန်တိုင်းရဲ့ တိုင်ပင်ဖက်လို ဖြစ်ပါတယ်။ 


ယေရှုဘုရားလို့ ပြောလိုက်ရင် ဒီနာမည်ဟာ သင့်အတွက်တော့ သူစိမ်းဆန်ကောင်း ဆန်နေနိုင်ပါတယ်။ ဒါပေမယ့် သူ့ကို အချိန်ပေးပြီး စကားပြောကြည့်ပါ၊ စူးစမ်းကြည့်ပါ။ အတူဖြတ်သန်းကြည့်ပါ။ သင့်ဘ၀အတွက် လက်လွှတ်လို့မဖြစ်တဲ့ အဖော်မွန်ကောင်းဖြစ်ကြောင်း သင်ကိုယ်တိုင် သိမြင်ယုံကြည်ခံစားရမှာပါ။

ကျွန်ုပ်တို့ဆီ ရင်ဖွင့်ဆွေးနွေးတိုင်ပင်လိုရင်

ဆက်သွယ်နိုင်ပါတယ်။

ဒီမှာ နှိပ်ပါ ဒီမှာ နှိပ်ပါ

ဝေမျှနိုင်ပါပြီ