"ဘဝကို အရှုံးပေးတော့မှာလား"

ဘဝကို လက်လျှော့အရှုံးပေးတော့မယ်ဆိုရင် ဒါလေးကို သေချာဖတ်ကြည့်လိုက်ရင် သင့်အတွက် အကျိုးရှိမှာပါ။


ကျရှုံးမှုတွေ… လူတွေရဲ့ ငြင်းပယ်မှုတွေကြောင့် ဘဝကို အရှုံးမပေးတဲ့အပြင် ပိုပြီး အောင်မြင်တဲ့ဘဝကို ရောက်ရှိသွားတဲ့ KFC ကြက်ကြော်ဆိုင် ပိုင်ရှင်ဖြစ်တဲ့ Colonel Sanders ကနေ သင်ယူစရာတွေ များစွာရှိပါတယ်။


KFC ကြက်ကြော်ဆိုင်လို့ ပြောလိုက်တာနဲ့ ရန်ကုန်မှာရှိတဲ့ လူတော်တော်များများက လူတွေအမြဲပြည့်နှက်နေတဲ့ဆိုင်လို့ သိကြပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့လည်း အဲဒီက ကြက်ကြော်တွေကို စွဲလမ်းနေပြီမို့ပါ။ 


Sanders ရဲ့ အကြောင်းကို ပြန်လှည့်ကြမယ်။


၁၈၉၀ ခုနှစ်မှာ သူ့ကို မွေးဖွားခဲ့ပါတယ်။


အသက် (၆) နှစ်အရွယ်မှာ သူ့ရဲ့ ဖခင် သေဆုံးသွားခဲ့ပါတယ်။


ဖခင်မရှိတော့တဲ့နောက်ပိုင်း သူ့အဖေကိုယ်စား သူကိုယ်တိုင် မောင်နှမတွေကို ပြုစုစောင့်ရှောက်ပြီး အချက်အပြုတ်ကအစ လုပ်ဆောင်ခဲ့ပါတယ်။

ပညာရေးဘက်မှာလည်း (၇) တန်း တက်နေတုန်းမှာတင် ကျောင်းကနေ ထွက်ခဲ့ပြီး စိုက်ပျိုးရေး အလုပ်သမားအနေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။

အသက် (၁၆) နှစ်ရောက်တော့ မီးရထားသံလမ်း အလုပ်သမားဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် မကြာပါဘူး လုပ်ဖော်ကိုင်ဖက်နဲ့ ရန်ဖြစ်ပြီး အလုပ်ကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။


နောက်တော့ သူ့မိခင်ရဲ့ အသက်အာမခံရုံးမှာ အလုပ်တစ်ခု ထပ်ရပါတယ်။ ဒါလည်း မကြာဘူး၊ ထုတ်ပယ်ခြင်း ပြန်ခံခဲ့ရပါတယ်။

ဒီလိုနဲ့ ကျောင်းပညာမပြီးတဲ့အပြင် အလုပ်ရလည်း ထုတ်ပယ်ခြင်းကိုသာ အကြိမ်ကြိမ်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့ဘဝကို လက်မလျှော့လိုက်ပါဘူး။ အသက် (၄၀) မတိုင်ခင် အထိ အဲဒီ လောကဓံကို နာကျင်စွာ ခံစားခဲ့ရပါတယ်။


အဲဒီနောက်ပိုင်းမှာ သူ့ရဲ့ စားသောက်ဆိုင်လေးကို ဒုက္ခပြဿနာတွေကြားကနေ ကြိုးစားဖွင့်နိုင်ပါပြီဆိုတဲ့ အချိန်မှာ၊ မီးလောင်တဲ့အထဲ သူ့ရဲ့စားသောက်ဆိုင်လေး ပါသွားခဲ့ပါတယ်။


နောက်ပိုင်းတော့ ဒုတ္တိယကမ္ဘာစစ်ကို ရင်ဆိုင်ရပြန်ပါတယ်။ စစ်ကြီးအတွင်းမှာ သူ့ရဲ့ စီးပွားရေးကို တိုးချဲ့ဖို့ လုပ်ဆောင်တိုင်း အကြိမ်ပေါင်းများစွာ ကိစ္စအမျိုးမျိုးကြောင့် ငြင်းပယ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း KFC ကြက်ကြော်ဆိုင်လေးကို ဖွင့်နိုင်အောင် ကြိုးစားခဲ့တာမို့ အောင်မြင်မှုရသွားတဲ့အချိန်မှာ KFC ဆိုင်ကို နိုင်ငံပေါင်း (၄၈) နိုင်ငံရဲ့ နေရာပေါင်း (၆၀၀၀) မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။


မြန်မာနိုင်ငံကိုလည်း ရောက်ရှိနေကတည်းက လူတိုင်းရဲ့ စိတ်ဝင်စားခြင်းကို ခံရပြီး လူတွေအမြဲပြည့်နှက်နေတဲ့ ဆိုင်လေး ဖြစ်နေပါပြီ။


အကြိမ်ကြိမ် လူတွေရဲ့ ငြင်းပယ်ခြင်း ခံခဲ့ရသူ.. အကြီးအကျယ် စိတ်ဓာတ်လည်း ကျခဲ့ဖူးတဲ့သူ.. ဒုတ္တိယကမ္ဘာစစ်ရဲ့ဒဏ်ကိုလည်း ခံဖူးသူ.. ဒါပေမယ့် နောက်ဆုံးမှာ တကမ္ဘာလုံးက သူ့ကို လက်ခုပ်တီးလာကြတယ်၊ ချီးကျူးလာကြတယ်၊ အတုယူလာကြတယ်။ သူမရှိတော့ရင်တောင် သူ့ရဲ့ လက်ရာဖြစ်တဲ့ KFC အရသာလေးနဲ့ တကမ္ဘာလုံးကို စိတ်ချမ်းသာအောင် လုပ်ပေးနေဆဲပါပဲ။


အောင်မြင်မှုကြောင့် ဘီလီယံနာကြီးဖြစ်သွားခဲ့ပေမယ့် သူမသေဆုံးခင် အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့တာလေး ရှိပါတယ်။ လူတွေဟာ သူ့ဘ၀ကို အားကျအတုယူပြီး ဒီဘ၀အတွက်လောက်ပဲ မစဉ်းစားဘဲ၊ တမလွန်အရေးကိုလည်း စဉ်းစားကြဖို့ အခုလို မှာခဲ့ပါတယ်။


Sanders က “ဘယ်လောက်ကောင်းတဲ့ အလုပ်ကို လုပ်ပါစေ၊ ကောင်းကင်နိုင်ငံကို မရောက်ရှိနိုင်ဘူး။ ဘုရားသခင်ကို နှလုံးသားထဲကနေ ယုံကြည်မှ ငရဲကနေ လွတ်မြောက်မှာပါ။” ပြီးတော့ အဲဒီအင်တာဗျူးကို ကြည့်နေတဲ့သူတွေထဲက အသက်ကြီးနေတဲ့သူတွေလည်း အချိန်မလွန်ခင် ယေရှုဘုရားကို လက်ခံဖို့ တိုက်တွန်းသွားခဲ့ပါတယ်။


သူဆိုလိုတာကတော့ ကျွန်ုပ်တို့အားလုံးရဲ့ ဘဝက ဒီကမ္ဘာမြေကြီးမှာပဲ ပြီးဆုံးသွားမှာ မဟုတ်ဘဲ သေဆုံးပြီးသွားရင် အားလုံးသွားကြရမယ့် ကောင်းကင်ဘုံ (သို့မဟုတ်) ငရဲ ဆိုတဲ့ နေရာတစ်ခုခုကို သွားရဦးမှာမို့ ကမ္ဘာမြေကြီးမှာ ရှိစဉ် ယေရှုဘုရားကို သိပြီး ကြိုလက်ခံထားဖို့ကို ဆိုလိုတာ ဖြစ်ပါတယ်။

 

ကျွန်ုပ်တို့ဆီ ရင်ဖွင့်ဆွေးနွေးတိုင်ပင်လိုရင်

ဆက်သွယ်နိုင်ပါတယ်။

ဒီမှာ နှိပ်ပါ ဒီမှာ နှိပ်ပါ

ဝေမျှနိုင်ပါပြီ