"သင်ဟာ အသက် ၃၀ အောက်ဆိုရင်

ဒါတွေကို အဓိကလုပ်ပါ"

အသက်အရွယ်အလိုက် အဓိက လုပ်ရတာတွေ ရှိပါတယ်။


ပညာရှာချိန်မှာ ပညာရှာပြီး၊ ဥစ္စာရှာချိန်မှာ ဥစ္စာ ရှာရပါတယ်။ အချစ်ရေးပါ တပါးတည်း ရှာကြတာပေါ့။


ဒါပေမယ့် တချို့ကတော့ ပညာရှာချိန်မှာ ဥစ္စာရှာတတ်ပြီး၊ အခြားသူတွေက ဥစ္စာရှာတဲ့အချိန်မှာ သူတို့ကတော့ ပညာပြန်ရှာကြပါတယ်။

ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။


သူဆိုရင် Bachelor ဘွဲ့ရပြီးတာနဲ့ အလုပ်ဝင်လုပ်ပါတယ်။ လုပ်သက် ၃နှစ်လောက်ကြာ လာတဲ့နောက်ပိုင်းမှာတော့ Master ဆက်တက်ဖို့ လုပ်ပါတယ်။

Master ပြီးရင် ဘာလုပ်မယ်ထင်ပါသလဲ ?


အလုပ်ပြန်ဝင်ရမှာပါပဲ။


ဒါဆိုရင် ပညာကိုသာ ပြီးဆုံးတဲ့ထိ အရင်တက်လိုက်ရမှာလား (သို့မဟုတ်) ကျွန်မသူငယ်ချင်းလို Bachelor အပြီးမှာ အလုပ်လုပ်ရမလား ဆိုတာကို သင့်အနေနဲ့ မရေရာမှုတွေလည်း ရှိနိုင်ပါတယ်။


ဘယ်တစ်ခုကို ရွေးချယ်ရမလဲဆိုတာကတော့ သင့်ရဲ့ မိသားစု အခြေအနေပေါ်မှာ မူတည်မှာပါ။


သင့်ရဲ့ မိသားစုကို သင်ထောက်ပံ့မှ ဖြစ်မယ်ဆိုရင် အလုပ်ခွင်ကို ဝင်မှ ရပါမယ်။ မိသားစုကြောင့် အလုပ်ခွင်ကို စောစောဝင်ရလို့ မိသားစုကို အပြစ်တင်စရာတော့ မလိုပါဘူး။


မိသားစုဆိုတာ ဘုရားသခင်ကပေးတဲ့ ဆုလက်ဆောင် ဖြစ်ပါတယ်။


အဓိကတော့ သင့်ရဲ့ အသက် ၃၀ အောက်သာ ရှိနေတုန်းမှာ ငွေကို စုဆောင်းထားဖို့ လိုအပ်ပါတယ်။ မိသားစုကို ထောက်ပံ့နေရင်း ကိုယ်တိုင်လည်း အသုံးစရိတ်ကို လျှော့ချဖို့ မလိုအပ်တဲ့ ပစ္စည်းတွေအတွက် မသုံးမိဖို့ လိုအပ်ပါတယ်။


သင်သာ အသက် ၃၀ အောက်အချိန်မှာ ငွေကို ကောင်းကောင်း မစုဆောင်းထားဘူးဆိုရင် သင့်ရဲ့ အသက် ၄၀ ကျော် မက အသက် ၅၀ ကျော်ရောက်ရင်လည်း

ပုံမှန်အတိုင်း မနက်စောစောထ အလုပ်ချိန်အတွင်း ရောက်အောင်သွားတာတွေကို လုပ်နေရပါလိမ့်မယ်။


အချို့ဆိုရင် အလုပ်ခွင်နဲ့ အိမ်နဲ့ဆိုရင် အနည်းဆုံး တစ်နာရီဝန်းကျင် ကြာပါတယ်။ အသွားအပြန်ဆိုရင် နှစ်နာရီနီးပါးကြာပါမယ်။


ဒါကြောင့်မို့ အသက် ၃၀ အောက်မှာ ငွေစုဆောင်းထားပြီး၊ အသက် ၃၀ ကျော်လာရင်တော့ ကိုယ်ပိုင် စီးပွားရေးကို စတင်ဖို့ လိုအပ်ပါတယ်။

ဘာလို့လဲ ?


အသက် ၃၀ ကနေ စတင်မှ သင့်မှာ အမြတ်၊ အရှုံးဆိုတာကို ရင်ဆိုင်ရချိန်မှာ စိတ်ဓာတ်အားဖြင့် ဖြစ်စေ၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုလေးလည်း ရှိသေးတာပါ။ ကျွန်ုပ်တို့ လူသားတွေရဲ့ သဘာဝအရ အသက်ကြီးလာလေ ခွန်အားလျော့နည်းလာလေ ဖြစ်ပြီး စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့လောက်အောင် ဖြစ်လာပါတယ်။


နောက်ဆုံးအနေနဲ့ အပေါ်က ဖော်ပြခဲ့တဲ့ အဓိကအချက်တွေနဲ့ အဆုံးသတ်ချင်ပါတယ်။


နံပါတ် (၁) အသက် ၃၀ အောက်အရွယ်မှာ ငွေစုဆောင်းပါ။


နံပါတ် (၂) အသက် ၃၀ ရောက်တာနဲ့ ကိုယ်ပိုင်စီးပွားရေး စတင်ပါ။ 


ဒါပေမယ့် ဖော်ပြထားခဲ့ အချက်တွေအတိုင်း လိုက်လျှောက်ဖို့ ခက်နေပါသလား ?


အသုံးစရိတ် လျှော့ချဖို့ ခဲယဉ်းနေပါသလား?


ငွေကြေးစီမံခန့်ခွဲမှု၊ ဘ၀ရှေ့ရေးစီမံခန့်ခွဲမှုဆိုတာ လက်တွေ့ဘ၀မှာ ထင်ထားတာထက် အများကြီး ခက်ခဲနေတတ်ပါတယ်။


ကိုယ်ထင်သလို၊ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုတွေ တနင့်တပိုးနဲ့ ခက်ခဲစွာ ဖြတ်သန်းရတတ်ပါတယ်။

သင်လည်း အဲသလို ဖြစ်နေပြီလား?


စိတ်ဖိစီးပင်ပန်းနေသူတိုင်းကို ကူညီပေးနိုင်မယ့်သူတစ်ဦးတော့ ရှိပါတယ်။


ဝန်လေးပြီး ပင်ပန်းနေသူများ ငါ့ဆီလာပါ၊ သက်သာချမ်းသာခြင်းကို ငါပေးမယ်”လို့ ပြောခဲ့တဲ့ ယေရှုဘုရားပါ။ ဒါဆို ယေရှုဘုရားက ဘယ်လိုကူညီပေးနိုင်သလဲ၊ ဘယ်လိုကူပေးမှာလဲ၊ သူနဲ့ငါ ဘာဆိုင်လို့လဲ … စသဖြင့် မေးခွန်းနဲ့ အတွေးမျိုးစုံရှိနေရင် အောက်ပါ  ဗီဒီယိုလေးကို ကြည့်ပြီး အဖြေရှာလိုက်ပါ။ ကျေးဇူးတင်ပါတယ်။

ဝေမျှနိုင်ပါပြီ