ကတိတည်နိုင်ဖို့ ဘာလုပ်ရမလဲ
ကတိစကားကို ကျွန်ုပ်တို့ တခြားသူတွေကို ပေးဖူးကြပါတယ်။ အခြားသူဆိုတဲ့ထဲမှာ မိသားစုဝင်၊ သူငယ်ချင်း၊ ဘေးပတ်ဝန်းကျင်တို့ အပြင် ချစ်သူရည်းစားများလည်း ပါဝင်ပါတယ်။ ကတိကို သူတို့ဘက်ကနေ တောင်းလို့ပေးတဲ့အချိန်မျိုးလည်း ရှိနိုင်သလို ကိုယ့်ဘက်ကနေစပြီး ပေးဖြစ်တဲ့အချိန်လည်း အကြိမ်ပေါင်း မနည်း ဖြစ်နေပါပြီ။
တခါတရံ ငွေရေးကြေးရေးဆိုင်ရာမှာလည်း အကြွေးပြန်ဆပ်မယ့်ရက်ကို ကတိတစ်ခုနဲ့ ယုံကြည်မှုတွေ တည်ဆောက်ကြပါတယ်။ကတိကို မဖောက်ဖျက်မိအောင် ကြိုးစားရင်တောင် ကတိကို ကျွန်ုပ်တို့ ကိုယ်တိုင် ဖျက်မိကြပါတယ်။ တချို့သော ပညာရှင်တွေကလည်း ကတိစကားမပေးခင် မိမိကိုယ်တိုင် အရင်ကျင့်ကြံဖို့နဲ့ နောက်ဆက်တွဲ ဖြစ်လာမယ့် အကျိုးဆက်ကို ကြိုစဉ်းစားထည့်သွင်းဖို့ကို အချက်ကလေးတွေနဲ့ ဖော်ပြထားပါတယ်။
၁။ “No” လို့ ပြောနိုင်ရန် လေ့လာခြင်း၊
၂။ မိမိရဲ့ အခိုင်အမာပြောနိုင်ခြင်း အခွင့်အရေးကို သိထားရန်၊
၃။ သင်လုပ်ဆောင်ပေးနိုင်မယ့် အကြောင်းအရာတွက်သာ ကတိပေးရန်၊
၄။ မိမိပေးမယ့်ကတိမှာ ရှင်းလင်းနေဖို့နဲ့ တိကျနေဖို့ လိုအပ်ခြင်း၊
၅။ ကတိအားလုံးကို မှတ်သားထားရန်၊
၆။ ကတိပေးထားတဲ့ရက်မှာ အဆင်မပြေကြောင်း ကြိုအကြောင်းကြားထားရန်၊
၇။ ပေးထားတဲ့ကတိအတွက် အခြားအရာတစ်ခုနဲ့လည်း ဖြည့်ဆည်းပေးခြင်း၊ဖော်ပြထားတဲ့အချက်တွေအားလုံးနဲ့အညီ ကျွန်ုပ်တို့ ကိုယ်တိုင် အခြားသူကို ပေးထားတဲ့ ကတိကို တည်ဖို့ ကြိုးစားကြမယ်။ တစ်ကြိမ်အောင်မြင်နိုင်မယ်၊ နှစ်ကြိမ်အောင်မြင်နိုင်ဦးမယ်၊ သုံးကြိမ်အထက်ကို ရောက်လာတဲ့အချိန်ထိ ကျွန်ုပ်တို့ ကြိုးစားနိုင်မယ်ဆိုရင်တော့ ကတိဖောက်ဖျက်သူဆိုတဲ့ စကားလုံးတောင် ပျောက်ကွယ်သွားနိုင်ပါမယ်။
ကျွန်ုပ်တို့ ရှေ့မှာ ဖော်ပြခဲ့တဲ့ “ကတိဖောက်ဖျက်မှုကြောင့် ဆုံးရှုံးသွားရတဲ့ဘဝ” ဆိုတဲ့ ပုံပြင်မှာ ပါဝင်တဲ့ မင်းသားနဲ့ ဝက်ဝံရဲ့ အခြေနေကို ပြန်သုံးသပ်ကြမယ်ဆိုရင် လွန်ခဲ့သော အချိန်ကာလတွေမှာ မင်းသားမှ ဝက်ဝံကို ပေးတဲ့ ကတိအတိုင်း တည်နိုင်ခဲ့မှာပါ။ သို့သော် အသက်ဆက်ရှင်ဖို့ ကြိုးစားရတော့မယ့် အချိန်မျိုးမှာတော့ မင်းသားမှ ပေးထားတဲ့ ကတိကို သူကိုယ်တိုင် ဖောက်ဖျက်ဖို့ ဝန်မလေးလာတာကို တွေ့နိုင်ပါတယ်။
ကတိစကားကို ကျွန်ုပ်တို့ တစ်ဦးနဲ့ တစ်ဦး မပေးနိုင်ကြတော့ဘူးဆိုတော့ ဘယ်သူ့ကိုမှ အယုံအကြည်မရှိတော့ဘူးလို့ စဉ်းစားရင်း ဝမ်းနည်းလာရုံသာမက နောက်ဆုံး မိမိကိုယ်ကိုတောင် အယုံအကြည် ကင်းလာပါပြီလို့တွေးရင်း တစ်စုံတစ်ယောက် အကြောင်းခေါင်းထဲပေါ်လာပါတယ်။ သူကတော့ ယေရှုလို့ ခေါ်ပါတယ်။ ယေရှုပေးထားတဲ့ ကတိစကားတွေထဲမှာ တစ်ခုလောက်ကို ဝေမျှလိုက်ချင်ပါတယ်။
“ငါသည်လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်”
ဆိုတဲ့ ကတိစကားဟာ ကျွန်ုပ်တို့ဘဝအတွက် လုံလောက်ကြောင်းကို အသိအလင်း ရှင်းလင်းထားပါတယ်။ကျွန်ုပ်တို့မှ အခြားသူတစ်ယောက်ကို ကတိပေးချိန်မှာ အချိန်အတိုင်းအတာတစ်ခုထိဘဲ ဖြစ်နိုင်ပြီး၊ လူဆယ်ဦးကို ကတိတစ်မျိုးကို တစ်ပြိုင်နက်တည်း ပေးဖို့ဆိုတာ ခဲယဉ်းလှပေမယ့် ယေရှုကတော့ လူသားအားလုံးကို တူညီတဲ့ ကတိပေးပြီး၊ တူညီတဲ့အချိန်အတိုင်းအတာထိ တည်သွားမယ်လို့ ဖော်ပြထားတာကြောင့် ကျွန်ုပ်တို့နဲ့ အတူတကွ ရဲရင့်သော စိတ်နဲ့ အောင်မြင်တဲ့ ဘဝကို ဆက်လက်ဆုပ်ကိုင်ကြပါစို့နော်။