လူတွေ သင့်ဆီကနေ ထွက်သွားကြတယ်ဆိုရင် ဒါလေးကိုလေ့လာပါ

အိမ်ဆိုတာ မိုးဒဏ်၊ လေဒဏ်၊ အပူဒဏ် တို့ကနေ ကာကွယ်ပေးပါတယ်။ မနက် အလုပ်သွားချိန် အိမ်ကနေ ကျွန်ုပ်တို့ ထွက်သွားကြတယ်၊ အလုပ်ဆင်းရင်လည်း အနားယူဖို့ အိမ်ကိုပဲ ပြန်လာပါတယ်။ 


အိမ်ရဲ့ တည်ဆောက်ထားမှုပုံစံကိုကြည့်ပြီး အိမ်ပိုင်ရှင်ရဲ့ ကြိုက်နှစ်သက်မှု၊ ငွေတတ်နိုင်မှုတို့ကိုလည်း တနည်းတဖုံ မှန်းဆလို့ ရနိုင်ပါတယ်။ 


အဲလို မိုးဒဏ်၊ လေဒဏ်၊ အပူဒဏ်ကနေ တစ်နှစ်ပြီး တစ်နှစ် ကာကွယ်ပေးနေရင်း အိမ်ဟာလည်း အိုဟောင်းလာတတ်ပါတယ်။ 


တချို့အိမ်တွေဆိုရင် သဘာဝဘေးဒဏ်ကြောင့်သာမဟုတ်ဘဲ မတော်တဆမီးဘေးတို့ကြောင့်လည်း ကာကွယ်ပေးနိုင်တဲ့ အိမ်ရဲ့ သတ္တိဟာ ကျဆင်းလာပါတော့တယ်။ တဖြည်းဖြည်းနဲ့ အိမ်ဟာ လူတွေရဲ့ စွန့်ပစ်မှုကို ခံစားလာရပါတော့တယ်။ ကျွန်ုပ်တို့ရဲ့ ဘဝဟာလည်း အိမ်တွေနဲ့ တူနေပါတယ်။ 


ကျွန်ုပ်တို့ ကျန်းမာရေး ကောင်းနေချိန်၊ ဝင်ငွေ ရရှိနေချိန်တို့မှာ ကျွန်ုပ်တို့ရဲ့ မိသားစုကို လုံခြုံအောင် ကာကွယ်စောင့်ရှောက်နိုင်ခဲ့တယ်။ 


ပတ်ဝန်းကျင်ကလူတချို့ စိတ်ပင်ပန်းခံစားနေရချိန်မှာလည်း ကျွန်ုပ်တို့ဘက်ကနေ စိတ်ခွန်အားတွေ ပေးနိုင်ခဲ့တယ်။ 


 ဒါပေမဲ့ အိမ်လိုမျိုး မမျှော်လင့်ထားတဲ့ ရင်ဆိုင်စရာများကြုံလာရတဲ့အချိန်မှာတော့ ကျွန်ုပ်တို့ နှလုံးသားဟာ ပြတင်းပေါက်လို ကွဲအက်လာတယ်၊ မျက်နှာပေါ်ကလှပတဲ့ အပြုံးတွေ၊ အရောင်အသွေးတွေလည်း ကြွေလွင့်သွားပါတယ်။ 


နောက်ဆုံးမှာတော့ တချို့သော လူတွေရဲ့ စွန့်ပယ်ခြင်းကိုတောင် ကြုံရတတ်ပါတယ်။ 


     အိမ်ကတော့ ပစ္စည်းမို့ အိမ်အသစ်ကို ပြန်ဆောက်ချင်ရင် အကုန်ရိုက်ချိုးပြီး ဖြိုချလိုက်လို့ ရပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ လူသားများကတော့ အသက်နဲ့ ရှင်သန်နေရတာကြောင့်၊ ဘဝကိုအကောင်းဆုံးဖြစ်ချင်ရင် ပြုပြင်ခြင်းသာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ 


ကျွန်တော်တို့ရဲ့ ဒဏ်ရာတွေကိုကုသကျန်းမာစေပြီး ဘ၀ဟောင်းကို ဘ၀သစ်အဖြစ် သစ်လွင်သွားအောင် ပြန်လည်တည်ဆောက်ပေးနိုင်ကြောင်း ယေရှုဘုရားပြောခဲ့ပါတယ်။ 


သင့်ရဲ့ ဘဝကိုရော ပြန်လည်ကောင်းမွန်အောင်လုပ်ဆောင်ဖို့ ယေရှုဘုရားကို ခေါ်ဖိတ်ဖို့ အဆင်သင့်ဖြစ်ပြီလား။ 

ဝေမျှလိုက်ပါ