"ဆူကြုံနိမ့်မြင့် အဆင့်တိုင်းအတွက် အကောင်းဆုံးသောတိုင်ပင်ဖက် "

လောကဓံဆိုတာ အမြဲ တသမတ်တည်း မရှိတတ်ပါဘူး။ ဆူကြုံနိမ့်မြင့် အဆင့်ဆင့် ပြောင်းလဲနေတဲ့အရာမျိုး ဖြစ်ပါတယ်။ ခက်တာက အမြင့်ရောက်နေချိန်မှာ အဖော်ပြုဝန်းရံပေးလိုသူတွေဆိုတာ ရှာစရာမလိုဘဲ သူ့အလိုလို ရောက်လာတတ်ကြပေမယ့်၊ အနိမ့်ရောက်နေချိန်မှာတော့ အရင်းနှီးဆုံးမိတ်ဆွေတွေကိုတောင် ရှာရခက်တတ်ပါတယ်။ ဘ၀ရဲ့ ဆူကြုံနိမ့်မြင့် အဆင့်တိုင်းမှာ သစ္စာရှိတဲ့တိုင်ပင်ဖက်တစ်ယောက်ကိုရဖို့ဆိုတာ မလွယ်ကူပေမယ့်လည်း

လူတိုင်းတောင့်တလိုချင်ကြပြီး လိုလည်းလိုအပ်တဲ့အရာ ဖြစ်ပါတယ်။


တိုင်ပင်ဖက်မိတ်ဆွေကောင်းဆိုတာ ကိုယ်တစ်ယာက်တည်း တိတ်တဆိတ် အထီးကျန်နေချိန်မှာ အနားကနေ အဖော်ပြုပေးတတ်သူ၊ စမ်းတဝါးဝါးနဲ့ လမ်းပျောက်နေချိန်မှာ အလင်းပေးလမ်းပြသူ၊ ကြေကွဲနာကျင်နေချိန်မှာ နှစ်သိမ့်သက်သာစေသူ၊ ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်ဖို့ အားမရှိချိန်မှာ

ကိုယ့်ရဲ့ယုံကြည်မှုကို ပြန်လည်ကုသတည်ဆောက်ပေးသူမျိုး ဖြစ်ပါတယ်။ 


တိုင်ပင်ဖက်မိတ်ဆွေကောင်းဆီရောက်ရင် အထီးကျန်တာတွေ ပျောက်သွားတယ်၊ နာကျင်တာတွေ သက်သာသွားတယ်၊ ယုံကြည်မှုတွေ တိုးပွားလာတယ်၊ ရှေ့ဆက်ဖို့အတွက် အမြင်တွေ ကြည်လင်ရှင်းလင်း လာတယ်၊ အမြင့်ဆုံးအထိ ပျံသန်းဖို့ ၊ အဝေးဆုံးအထိ ပျံဝဲနိုင်ဖို့ အားအင်နဲ့ ရဲရင့်ခြင်းတွေ ရှိလာတယ်၊

သူဟာ မှောင်မိုက်နေတဲ့ ကိုယ့်ရဲ့ကမ္ဘာကြီးတစ်ခုလုံးကို အတောက်ပဆုံး အလင်ပေးနိုင်သူ ဖြစ်တယ်။ 


ဒီလိုတိုင်ပင်ဖက်မိတ်ဆွေကောင်းဆိုတာ စိန်လို ရှားပါးပြီး၊တန်ဖိုးကြီးမားတဲ့ ရတနာမျိုးပါ။ ဒီလိုရတနာမျိုး ကျွန်တော်တို့ ရှာတွေ့ရခက်တာ မဆန်းပါဘူး။

ဒါပေမယ့် ဒီရတနာက ကျွန်တော်တို့ကို လာရှာပါတယ်။ ကျွန်တော်တို့ရှာလို့ မတွေ့နိုင်လို့ သူကိုယ်တိုင် ကျွန်တော်တို့ကို လာရှာပါတယ်။ 


သူဟာ ယေရှုဘုရား ဖြစ်ပါတယ်။ “အံ့ဩဖွယ်ကောင်းတဲ့ တိုင်ပင်ဖက်”ဆိုပြီး ထင်ရှားကျော်ကြားသူလည်း ဖြစ်တယ်။ “ယေရှု”ဟာ တိုင်ပင်ဖက်ဖြစ်လို့ ကျွန်တော်တို့ရဲ့ အဆိုးအကောင်းမှန်သမျှကို သူ့ဆီမှာ ရင်ဖွင့်ဆွေးနွေး လို့ရတယ်၊ ဘုရားဖြစ်လို့ ကျွန်တော်တို့အစွမ်းနဲ့ မဖြစ်နိုင်တာတွေကို ကူညီပေးနိုင်၊

ကူမပေးနိုင်သူလည်း ဖြစ်တယ်။ 


သူက ပြောတယ် “၀န်လေးပြီး ပင်ပန်းနေသူတွေ ငါ့ဆီလာပါ၊ သက်သာခြင်းနဲ့ သုခချမ်းသာကို ငါပေးမယ်”တဲ့။ 


ဘ၀မှာ တိုင်ပင်ဖက်တွေအမျိုးမျိုးနဲ့ သင်ကြုံဖူးပြီး ဖြစ်မှာပါ။ စိတ်ချရတဲ့ တိုင်ပင်ဖက်၊ စိတ်ပျက်ရတဲ့ တိုင်ပင်ဖက် ဆိုပြီး အမျိုးမျိုးရှိမှာပါ။

ဒါပေမယ့် “ယေရှုဘုရား”ဆိုတဲ့ တိုင်ပင်ဖက်နဲ့ရော သင်တွေ့ကြုံဖူးပြီလား?


သင့်ရဲ့အမှောင်ဆုံးအချိန်မှာ အတောက်ပဆုံးအလင်းတွေနဲ့ ကူညီပေးဖို့ သူရှိနေတယ်။


ကျွန်ုပ်တို့ဆီ ရင်ဖွင့်ဆွေးနွေးတိုင်ပင်လိုရင်

ဆက်သွယ်နိုင်ပါတယ်။

ဒီမှာ နှိပ်ပါ ဒီမှာ နှိပ်ပါ