ကိုယ်ကျိုးစွန့် စိတ်ဓာတ်ဆိုတာ

စိတ်ဝင်စားဖွယ် ရာဗွီ တီဂျာဆိုတဲ့ လူငယ်လေး တစ်ယောက်ရှိပါတယ်။


လမ်းပေါ်မှာ ရှိနေတဲ့ ချိုင့်ခွက်လေးတွေကြောင့် မွေးကင်းစ ကလေးလေး တစ်ယောက် ယာဉ်တိုက်မှုမှာ သေဆုံးသွားခဲ့တဲ့ ဖြစ်ရပ်လေးရဲ့ မျက်မြင်သက်သေ အနေနဲ့ ရှိခဲ့သူလေးပါ။ အဲဒီချိန်မှာတော့ ရာဗွီ တီဂျာ အသက်က ၁၂ နှစ် ပြည့်ခါစလေးဘဲ ရှိပါသေးတယ်။အခြားသူတစ်ယောက်ယောက်က အရင်ဆုံး ကြိုတင်ပြင်ဆင်မှုလေးတွေ လုပ်ပေးခဲ့မယ်ဆိုရင် ယာဉ်တိုက်မှုဆိုတဲ့ အန္တရာယ်ကို ကြုံတွေ့ရမှာ မဟုတ်သလို နာကျင်မှုဆိုတာလည်း ရှိခဲ့မှာ မဟုတ်ပါဘူး။


အထူးသဖြင့် ချိုင့်ခွက်တွေရှိတဲ့ လမ်းပေါ်ကို ညအချိန်မှာ ဖြတ်သန်းသွားရတဲ့အချိန်ဟာ ပိုပြီး အန္တရာယ် ရှိပါတယ်။လူငယ်လေးကတော့ သူလုပ်နိုင်တဲ့ အရာကနေ စပြီး လုပ်ဆောင်ပါတော့တယ်။ ပထမဦးဆုံး ယာဉ်တိုက်မှု ဖြစ်တဲ့ လမ်းမကြီးမှ စတင်ပြီး၊ နောက်ပိုင်းမှာတော့ အခြား လမ်းမတွေမှာလည်း နေပူချိန်မျိုးမှာ သာမက မိုးရွာတဲ့ နေ့ရက်တွေမှာလည်း ဖို့လို့ရတဲ့ အရာ တွနဲ့ ချိုင့်ခွက်တွေကို လိုက်ဖို့ပြီး ဖြည့်ဆည်းပေးပါတယ်။


သူကတော့ အခြားသူတစ်ယောက်ယောက် လာလုပ်မှာမို့ လျစ်လျူရှုလိုက်တာ မဟုတ်ဘဲ တတ်နိုင်တဲ့ ဘက်ကနေ ပေးဆပ်နေပါတယ်။ထပ်ပြီး သူကတော့ အသက်အရွယ်ဟာ အခြားသူတွေကို ကူညီဖို့အတွက် ကြီးမားတဲ့ အခက်အခဲတစ်ခု မဟုတ်ဘူးဆိုတာကိုလည်း ပြသလိုက်တာ ဖြစ်ပါတယ်။


အသက်အရွယ် ၁၂နှစ်ပြည့်ခါစလေးမှာ လမ်းပေါ်မှာ ရှိနေတဲ့ ချိုင့်ခွက်လေးတွေကြောင့် ယာဉ်တိုက်မှု ဖြစ်သွားတဲ့ မျက်မြင် ဖြစ်ရပ်လေးကနေ အခြားသော မိဘ၊ ရွယ်တူတို့အတွက် ကိုယ်ချင်းစာလာသည်သာမက သေဆုံးသွားတဲ့ ကလေးငယ်လေးလို မွေးကင်းစ ကလေးငယ်တွေကိုလည်း ထိုကဲ့သို့နသာနာကျင်မှု အတွေ့အကြုံမျိုး ထပ်မဖြစ်စေလိုတဲ့ ဆန္ဒနဲ့ အချိန်ပေးပြီး နေပူမရှောင်၊ မိုးရွာမရှောင် ကိုယ်ကျိုးစွန့်တဲ့ ဖြစ်ရပ်လေးကတော့ ယခုထိ လူတိုင်းကလည်း ပြန်ပြီး အတုယူဖွယ်ကောင်းလောက်တဲ့ ဖြစ်ရပ်လေး ဖြစ်နေပါတယ်။


ခုလို မိမိရဲ့ ကိုယ်ထူကိုယ်ထ စိတ်နဲ့ အခြားသူတွေအတွက် လုပ်ဆောင်တတ်တဲ့ သူမျိုးကို ကျွန်ုပ်တို့ အသိအမှတ်ပြုတဲ့အပြင် အားပေးမှုလည်း လုပ်ဖို့ လိုအပ်လာပါတယ်လို့လည်း အခြားသူများမှ တုံ့ပြန်လာပါတယ်။


ငယ်ရွယ်တဲ့ အသက် ၁၂ နှစ်အရွယ်ပင်လျှင် အခြားသူတွေအတွက် ကိုယ်ကျိုးစွန့် လုပ်ဆောင်တတ်တယ်ဆိုရင် ကျွန်ုပ်တို့မိသားစုအပြင် ပတ်ဝန်းကျင်မှာ ဘယ်လို အခက်အခဲ ရှိနေလဲ ဆိုတာလေးကို နားဆွံပြီး အတူတကွ ကိုယ်ကျိုးစွန့်ပြီး ပါဝင် ကူညီကြမယ်ဆိုရင်တော့ ကျွန်ုပ်တို့ရဲ့ ရပ်ရွာလေးဟာ ပျော်ရွှင်ဖွယ် နေရာတစ်ခုလေး ဖြစ်လာပါတော့မယ်။

ဝေမျှလိုက်ပါ