အချစ်စစ်ကို ပိုင်ဆိုင်ဖူးချင်တယ်

ချစ်ခြင်းမေတ္တာကြောင့် မိုင်တွေ ဘယ်လောက်ထိ ဝေးနေပါစေ၊ နီးစပ်ဖို့ ကြိုးစားတတ်ကြတယ် မဟုတ်လား။ 


ချစ်ခြင်းမေတ္တာနဲ့ ပြုံးပြတဲ့ အပြုံးတွေကြောင့် တနေကုန် မောပန်းနေလည်း အမောပြေသွားတယ်လို့ ပြောတတ်ကြတယ် မဟုတ်လား။ 


ချစ်ခြင်းမေတ္တာဟာ ကျွန်ုပ်တို့ခံစားနေရတဲ့ နာကျင်မှုတွေ၊ မပြည့်စုံမှုတွေအတွက် ဆေးကောင်းထက်ပိုပါတယ်။ 


ဒါကြောင့်မို့ ချစ်ခြင်းမေတ္တာကို လူတိုင်းဆီကရဖို့ ကျွန်ုပ်တို့ကိုယ်တိုင်လည်း မျှော်လင့်ဖူးတတ်ကြပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာ ထင်သလောက် မရိုးရှင်းလှပါဘူးတဲ့။ လုပ်ဆောင်မှုတစ်ခုခုကို ပြသဖို့လည်း အင်မတန်မှကို အရေးကြီးပါတယ်လို့လည်း ပြောကြပြန်ပါတယ်။ 


လုပ်ဆောင်မှုတွေနဲ့ ကြိုးစားပြီး ချစ်ကြောင်းကို ပြသမယ်ဆိုပါဦးတော့ နှစ်ဦးကြားမှာ (သို့မဟုတ်) မိသားစုကြားမှာ ဖြစ်ပေါ်လာတတ်တဲ့ အမှောင်ထုဆိုတဲ့ ရုန်းရင်းဆန်ခတ်ဖြစ်သွားတဲ့ အချိန်တွေမှာတော့ ချစ်ခြင်းမေတ္တာအစား မုန်းတီးမှုတွေကို ဖြစ်ပေါ်စေလာပြီး နာကျင်မှုတွေ၊ ကြေကွဲတဲ့ စိတ်ခံစားမှုဆိုတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကျွန်ုပ်တို့ဘဝမှာ အကြိမ်ကြိမ်အခါခါ မြင်ဖူး၊ ကြုံဖူးကြပြီ။ 


ကျွန်ုပ်တို့လူသားတွေ တစ်ဦးနဲ့ တစ်ဦး ဘယ်လောက်ထိ ချစ်နိုင်ကြဦးမလဲ။ ပြဿနာတစ်ခု မပေါ်ခင်အထိပေါ့လို့သာ ဖြေတတ်ကြတယ်မဟုတ်လား။ J.S ဆိုတဲ့ လူတစ်ယောက်ရေးထားတယ် “အစမှာတော့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေ၊ မျှော်လင့်ချက်တွေနဲ့ ပြည့်နေတတ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဝမ်းနည်းမှုတွေသာ ဖြစ်လာပါတယ်” 


ကျမ်းစာမှာဆိုရင်လည်း သင့်မှာ မရှိတဲ့အရာကို အခြားသူကို ပေးနိုင်မှာ မဟုတ်ပါဘူးတဲ့။ ကျွန်ုပ်တု့ိမှာ မရှိတော့တဲ့ ချစ်ခြင်းမေတ္တာကို အခြားသူကို ပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့နောက်ပိုင်း J.S ရဲ့ ခံစားမှုလို တစ်ထပ်တည်း ဖြစ်ပေါ်စေပါတယ်။ 


ဒါကြောင့်မို့ ကျွန်ုပ်တို့ မိသားစု၊ သူငယ်ချင်း သာမက ကျွန်ုပ်တို့နဲ့ သက်ဆိုင်တဲ့သူတွေကို မကုန်ခမ်းတဲ့ ချစ်ခြင်းမေတ္တာတွေ အစဉ်မပြတ်ပေးနိုင်ဖို့ဆိုတာက ကျွန်ုပ်တို့ကိုယ်တိုင်လည်း အချစ်ခံရသူ ဖြစ်နေမှ အခြားသူကို ချစ်ပေးနိုင်မှာ ဖြစ်ပါတယ်။


အပေါ်က ဖော်ပြတဲ့အချက်ပြည့်စုံဖို့ ကျွန်ုပ်တို့ကို ချစ်မြတ်နိုးပြီး၊ ချစ်ခြင်းမေတ္တာကို အစဉ်ပေးချင်တဲ့သူ ဖိတ်ခေါ်နေပါတယ်။


ငါ၏ ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့ ယေရှုဘုရား

ဝေမျှလိုက်ပါ