"ချူဝါးဝါးပုံပြင်ကနေ သင်ပေးတဲ့သင်ခန်းစာ"
တနေ့တော့ ကလေးငယ်လေးနဲ့ ဖခင်တို့ အတူ အပြင်ထွက်ခဲ့ကြပါတယ်။
လမ်းဘေးနားလေးမှာ သနားစရာကောင်းလှတဲ့ အကောင်လေးတစ်ကောင်ကို တွေ့လိုက်ပါတယ်။ အဲဒီအကောင်လေးရဲ့ ကိုယ်ခန္ဓာဟာ ညစ်ညမ်းနေပြီး၊ အနံ့အသက်ကလည်း အလွန်ဆိုးရွားနေပါတယ်။
ဒါပေမယ့် ကလေးငယ်လေးကတော့ အဲဒီအကောင်လေးကို တွေ့လိုက်တာနဲ့တင် သနားတဲ့စိတ်ဝင်သွားပြီး ချူဝါးဝါး ချုဝါးဝါး (ချစ်စရာကောင်းတဲ့ ခွေးအမျိုးအစားတစ်မျိုး) လို့ ခေါ်ပြီး အိမ်ကို ခေါ်သွားပြီး မွေးစားထားဖို့ သူ့ရဲ့ ဖခင်ကိုလည်း ပူဆာခဲ့ပါတယ်။
ဖခင်လည်း ကလေးအလိုကို လိုက်ပေးခဲ့ပါတယ်။
အိမ်ကိုရောက်တော့ ရေချိုးပေး၊ အစားအစာကောင်းကောင်းကျွေးပြီး မွေးစားထားပါတော့တယ်။ တနေ့တနေ့ အဲဒီအကောင်လေးကို ကောင်းကောင်းလေး ပြုစုပေးရှာပါတယ်။
မကြာခင် အကောင်လေးက တွေ့တဲ့ ပစ္စည်းတွေကို ကိုက်ဖြတ်၊ စုတ်ဖြဲ ပြီးတော့ ဖျက်ဆီးပစ်ပါတယ်။ ကလေးလေးက သူ့မိဘကို ပြောပြပါတယ်။ ဘာကြောင့် ချူဝါးဝါးလေးက ဒီလို လုပ်နေတာလဲ မသိဘူး။ ဖျားနေတယ် ထင်ပါရဲ့လို့ ပြောလို့ ဆေးခန်းကို ခေါ်သွားပြပါတယ်။
ဆရာဝန်က အဲဒီ ချူဝါးဝါးလေးကို တွေ့လိုက်တာနဲ့ လန့်သွားတယ်။ ပြီးတော့ စမေးပါလေရော။
ဆရာဝန်က “ဒီ အကောင်ကို ဘာလို့ အိမ်ပေါ်ခေါ်တင်ထားရတာလဲ” လို့ မေးတော့ သူတို့ ပြန်ဖြေပါတယ် “ချူဝါးဝါးလေးကို လမ်းမှာ တွေ့လို့ သနားတော့ ခေါ်ထားတာပါ” ဆိုတော့ ..
ဆရာဝန်က “ဘာ ချူဝါးဝါးလဲ ဒါက မက္ကဆီကန် ကြွက်အကြီးအမျိုးအစားလေ။ နင်တို့အိမ်တစ်ခုလုံးပါ ပျက်စီးသွားမယ်ဆိုတာ သိလား” လို့ ပြန်ပြောလိုက်တော့ သူတို့ သားအမိမှာ လန့်သွားရှာပါတယ်။
ဒီပုံပြင်လေးထဲကလိုပါပဲ .. လူကို အပြင်ပန်းသဏ္ဍန်နဲ့ ကြည့်ရှုပြီး ဒီလူက စိတ်ထားကောင်းမှာပါလို့ ယူဆပြီး ကြင်ဖက်အနေနဲ့ ရွေးချယ်တာမျိုး၊ သူငယ်ချင်းအနေနဲ့ ရွေးချယ်ပေါင်းသင်းလိုက်တာမျိုး၊ လုပ်ငန်းအကျိုးတူပေါင်းစပ် လုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်တာမျိုးတွေကြောင့် ပြဿနာတွေနဲ့ မကောင်းတဲ့ အကျိုးဆက်တွေကို ခံစားဖူးခဲ့ကြမှာပါ။
သမ္မာကျမ်းစာမှာလည်း ဖော်ပြထားပါတယ်။ ၁ ကော ၁၅း ၃၃ “မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏”
သင့်ဘဝပါ ပျက်စီးဆုံးရှုံးနိုင်တဲ့အပြင် သင့်မှာရှိတဲ့ ကောင်းတဲ့အကျင့်စာရိတ္တပါ ပျောက်ကွယ်သွားနိုင်ပါတယ်ဆိုတာကို သတိမူဖို့ ထောက်ပြထားတာပါ။
ဒါပေမယ့် ချူဝါးဝါးပုံပြင်လိုပဲ လူကို အပြင်ပန်းကနေမကြည့်ရင်လည်း နှလုံးသားကို မြင်နိုင်မှာမဟုတ်တော့ ခွဲခြားရခက်ပါတယ်။
ရှင်းလင်းတဲ့ ခွဲခြားနိုင်စွမ်းကို ပေးနိုင်တာကတော့ ယေရှုဘုရား ဖြစ်ပါတယ်။
မိတ်ဆွေ ဒီနေ့တင် ယေရှုဘုရားနာမည်ကို ခေါ်ကြည့်လိုက်ပါ။ သူကိုယ်တိုင်ကလည်း သင့်ဘ၀ရဲ့ ပညာရေး၊ အလုပ်အကိုင်၊ ဘ၀လက်တွဲဖော်နဲ့ မိသားစုရေးရာတွေနဲ့ ဆိုင်တဲ့ အရေးကြီးဆုံး ဘ၀ဆုံးဖြတ်ချက်တွေကို မှန်ကန်စွာ ရွေးချယ်ဆုံးဖြတ်နိုင်ဖို့ ကူညီပေးနိုင်သူပါ။
ယေရှုဘုရားအကြောင်းကို ဒီနေရာမှာ ဆက်လက်လေ့လာနိုင်ပါတယ်။
ကျွန်ုပ်တို့ဆီ ရင်ဖွင့်ဆွေးနွေးတိုင်ပင်လိုရင်
ဆက်သွယ်နိုင်ပါတယ်။