ငွေကြေးရှိမှ ပျော်ရွှင်မှုရမှာလား

“ငွေကြေးမပါဘဲ ဒါမှမဟုတ် သင့်ဘဝမှာ ဘယ်လိုအရာတွေကိုကြုံတွေ့နေရပါစေ သင်ယခုလည်း ပျော်ရွှင်မှုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပျော်ရွှင်မှုဆိုတာ ရွေးချယ်မှုဖြစ်ပါတယ်” လို့ Todd Tresidder က ပြောပါတယ်။


ငွေကြေးနဲ့ ပြီးမြောက်နိုင်တဲ့အရာတွေလည်း များစွာရှိနိုင်ပါတယ်။ ငွေကြေးနဲ့ …


•အချိန်တိုအတွင်း အလုပ်မြန်ဆန်အောင် လုပ်နိုင်ပါတယ်


•လက်ဆောင်ပစ္စည်းတွေ ဝယ်ပေးနိုင်ပါတယ်


•အသက်ကြီးလာတဲ့ မိဘ၊ဘိုးဘွားတို့အတွက် ကောင်းမွန်တဲ့ကျန်းမာရေးဝန်ဆောင်မှုကို ယူပေးနိုင်ပါတယ်


•အရည်သွေးကောင်းတဲ့အတွေ့ကြုံမျိုး ပေးနိုင်ပါတယ်


•ပိုမိုကောင်းမွန်တဲ့ကမ္ဘာကြီးကို တည်ဆောက်နိုင်ပါတယ်


•နေထိုင်ချင်တဲ့နေရာဒေသတို့ကိုလည်း ရွေးချယ်နိုင်ပါတယ်


•လုံခြုံမှုပေးနိုင်ပါတယ်ငွေကြေးကို ကောင်းမွန်စွာအသုံးပြုနိုင်တဲ့နည်းတွေ ဒါထက်ပိုပြီး ရှိပါသေးတယ်။


ဒါကြောင့်မို့ ငွေကြေးဟာ လူတိုင်းအတွက် အလွန်အရေးပါပါတယ်။ဒါပေမယ့် ငွေကြေးကိုအသုံးပြုတဲ့ ရည်ရွယ်ချက်အမျိုးမျိုးကြောင့် ကွဲလွဲတဲ့အခြေနေတွေ ဖြစ်ပေါ်လာရပါတယ်။ ကျွန်ုပ်တို့ရဲ့ ပြည့်စုံပျော်ရွှင်မှုကို ငွေကြေးပေါ်မှာဘဲ အခြေတည်လိုက်တဲ့အချိန်မှာ အခြားသူများနဲ့ ဆက်ဆံတဲ့ချိန်မျိုးမှာသာမက မိသားစုများနဲ့ ပြောဆိုချိန်မှာလည်း ငွေကြေးအပေါ်သာအခြေခံလာတာကြောင့် တစ်ဦးနဲ့ တစ်ဦး အချင်းများလာရပါတော့တယ်။


နောက်ထပ်ပြဿနာတစ်ခုကလည်း လူအချို့ဟာ မိမိမှာရှိတဲ့ ငွေကြေးပမာဏနဲ့ အမူအကျင့်များကို ဖုံးကွယ်ထားတတ်ကြတာကြောင့် သမီးရည်းစားထားချိန်နဲ့ အိမ်ထောင်ပြုဖို့အတွက်သတိမမူဘဲ အပြင်ပိုင်းကိုသာကြည့်ပြီး ဆုံးဖြတ်လိုက်တတ်ကြပါတယ်။ ဒီလိုနဲ့ နောက်ဆက်တွဲပြဿနာတွေက ကျွန်ုပ်တို့ကိုယ်တိုင် ဖြေရှင်းလို့တောင်မနိုင်တဲ့အခြေနေတွေ ဆက်ဖြစ်လာပါတယ်။ ငွေကြေးက ကျွန်ုပ်တို့ဘဝကို ထိန်းချုပ်မသွားနိုင်အောင် သတိထားဖို့ လိုအပ်ကြောင်း Marcus Aurelius Antoninus က ပြောထားတာ ဖြစ်ပါတယ်။“


ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒ မပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ်တိုးသော်လည်း မရောင့်ရဲနိုင်” လို့ သမ္မာကျမ်းစာမှာလည်း ပြောထားပါတယ်။ဝမ်းသာစရာသတင်းကောင်းတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ငွေကြေးနဲ့ပတ်သက်တဲ့ ထောင်ချောက်တွင်းတွေ၊ အခက်အခဲတောင်တန်းတွေကို ယေရှုဘုရားနဲ့ အတူ ကျော်လွှားပြီး၊ ပျော်ရွှင်မှုစစ်စစ်ကို ပိုင်ဆိုင်ရယူတယ် ဆိုတဲ့သတင်းကောင်းပါပဲ။

ဝေမျှလိုက်ပါ