"မိတ်ဆွေကောင်း အဖော်မွန်စစ်ဆိုတာ ဘယ်လိုမျိုးလဲ"
မိတ်ဆွေကောင်းတစ်ယောက် ဟုတ်၊မဟုတ်ကို သင် ဘာနဲ့ တိုင်းတာလေ့ရှိသလဲ?
တခါက ပင်လယ်မှာ သင်္ဘောပျက်ပြီး ကျွန်းငယ်လေးတစ်ခုဆီကိုရောက်လာတဲ့ သူငယ်ချင်း(၂)ယောက်ရှိတယ်။ သူတို့လည်း ဘာဆက်လုပ်ရမှန်းမသိတာနဲ့ ဘုရားဆီမှာဆုတောင်းကြဖို့ ဆုံးဖြတ်ကြတယ်။ ဒါပေမယ့် ဘယ်သူရဲ့ဆုတောင်းချက်ကို ဘုရားက ပိုပြီးအဖြေပေးမလဲဆိုတာကိုသိနိုင်ဖို့ ကျွန်းလေးမှာပဲ
နေရာခွဲပြီးနေဖို့ သူတို့သဘောတူလိုက်ကြတယ်။
အရင်ဆုံး အစားအစာအတွက် သူတို့ဆုတောင်းခဲ့ကြတယ်။ နောက်တစ်ရက်မှာ ပထမလူ နေတဲ့ဘက်ခြမ်းမှာ စားစရာအပင်တွေမျိုးစုံကိုတွေ့ခဲ့ပေမယ့်၊
ဒုတိယလူရဲ့နေရာမှာတော့ စားစရာဘာမှ မရှိခဲ့ဘူး။
တစ်ပါတ်လောက်အကြာမှာ နေရတာပျင်းလာတာကြောင့် ဇနီးမယားအဖော်မွန်တစ်ယောက်ရဖို့ သူတို့ ဆုတောင်းခဲ့ကြပြန်တယ်။
ဒီတစ်ကြိမ်မှာလည်း ပထမလူရှိတဲ့နေရာဆီကို အမျိုးသမီးတစ်ယောက် သင်္ဘောပျက်ပြီး ရောက်လာခဲ့ပြန်တယ်။
ဒုတိယလူဆီကိုတော့ ဘယ်သူမှရောက်မလာဘဲ ခြောက်ကပ်နေခဲ့တယ်။
တစ်လလောက်အကြာမှာ အိမ်ပြန်နိုင်ဖို့ သင်္ဘောတစ်စီးကို ဆုတောင်းခဲ့ကြပြန်တယ်။ ဒီတစ်ကြိမ်မှာလည်း ပထမလူရှိတဲ့ဘက်ခြမ်းမှာပဲ
သင်္ဘောငယ်လေးတစ်စီး ဆိုက်ရောက်လာခဲ့ပြီး ဒုတိယလူရှိတဲ့ဘက်ကိုတော့ ဘာမှ ရောက်မလာခဲ့ဘူး။
ဒါနဲ့ ပထမလူက တွေးတယ်၊
“ငါ့ သူငယ်ချင်းက ဘာပဲဆုတောင်းဆုတောင်း ဘာအဖြေမှမရခဲ့ဘူး။ သူ့မှာ အကုသိုလ်များလွန်းလို့ ဘုရားက အဖြေမပေးတာပဲ ဖြစ်ရမယ်။ ဒီတော့ ငါရတဲ့ ကောင်းကြီးလက်ဆောင်တွေကို သူ့ကိုဝေမျှပေးဖို့ မသင့်ဘူး၊ သူဟာ ဒါတွေနဲ့ မထိုက်တန်ဘူး” ဆိုပြီး သူငယ်ချင်းကို ကျွန်းမှာပစ်ထားပြီး သူ့ဇနီးနဲ့ ကျွန်းက ထွက်ခွာဖို့ လုပ်ခဲ့တယ်။
ဒီအချိန်မှာ ကောင်းကင်ကနေ အသံတစ်ခုထွက်ပေါ်လာပြီး
“ဘာကြောင့် မင်းရဲ့သူငယ်ချင်းကို ကျွန်းကနေ အတူ မခေါ်ထုတ်သွားတာလဲ”လို့ ပထမလူကို
မေးတယ်။ ဒါနဲ့ ပထမလူက “သူဆုတောင်းသမျှ ဘုရားက အဖြေမပေးမှတော့ ကျွန်တော်ရတဲ့ကောင်းကြီးဆုလက်ဆောင်တွေကို သူကိုဝေမျှဖို့ သင့်ပါ့မလား”လို့ သူက ပြန်မေးလိုက်တယ်။
ဒါနဲ့ ကောင်းကင်က ဒီလိုပြန်ပြောတယ် “တကယ်တော့ သူ့ဆုတောင်းအားလုံးကို ဘုရားသခင်က အဖြေပေးခဲ့တယ်၊ သူက ‘သူငယ်ချင်းရဲ့ဆုတောင်းတွေ အမြန်ပြည့်ပါစေ’ ဆိုပြီး တူညီတဲ့ဆုတောင်းတစ်ခုတည်းကိုပဲ တချိန်လုံး တောင်းလျှောက်ခဲ့တယ်၊ သူဟာ သူ့အကျိုးအတွက် သူငယ်ချင်းရဲ့အကျိုးကို ပိုပြီးလိုလားတဲ့ သူတော်ကောင်းမိတ်ဆွေပဲ”လို့ ပြန်ရှင်းပြခဲ့တယ်။
မိတ်ဆွေကောင်းတစ်ယောက် ဟုတ်၊မဟုတ်ကို ဘာနဲ့ တိုင်းတာသလဲ ဆိုတဲ့မေးခွန်းကိုဖြေရရင် “ကိုယ့်အကျိုးထက် ကိုယ့်မိတ်ဆွေရဲ့အကျိုးကို လိုလိုလားလား ဖြည့်ဆည်းပေးနိုင်သူ ဟုတ်၊မဟုတ် ဆိုတဲ့အချက်နဲ့ တိုင်းတာနိုင်တယ်”လို့ပဲ ဖြေရပါလိမ့်မယ်။
ကိုယ်ကျိုးစီးပွားကိုပဲကြည့်တတ်ပြီး ကိုယ့်အကျိုးအမြတ်အတွက်ဆိုရင် အရင်းနှီးဆုံးမိတ်ဆွေတွေကိုတောင် ချနင်းဖို့ ဝန်မလေးသူတွေ
များပြားလွန်းတဲ့ ဒီနေ့ခေတ်မှာ ကိုယ့်ဘ၀အတွက် မိတ်ဆွေကောင်း အဖော်မွန်စစ် သင့်မှာ ရှိပါပြီလား?
မိတ်ဆွေ၊အဖော်မွန်လို့ ပြောလိုက်ရင် လူတစုံတယောက်ကိုပဲ မြင်လေ့ရှိပါတယ်။ ဘုရားကိုရော အဖော်မွန်မိတ်ဆွေတစ်ယောက်လို သဘောထားလို့ ရနိုင်ပါသလား?
ဟုတ်ကဲ့၊ သေချာပေါက် ရနိုင်ပါတယ်။
ယေရှုဘုရားကို ဘုရားလိုရော၊ ဘ၀ရဲ့ အဖော်မွန်မိတ်ဆွေလိုရော သဘောထားလို့ ရပါတယ်။ သူကိုယ်တိုင်ကလည်း သင့်ဘ၀ရဲ့ အဖော်မွန်မိတ်ဆွေ ဖြစ်လိုသူပါ။ ယေရှုဘုရားနဲ့ ရင်းနှီးလာလေလေ သင့်ဘ၀အတွက် လက်လွှတ်လို့မဖြစ်တဲ့ အဖော်မွန်မိတ်ဆွေကောင်းဖြစ်ကြောင်း သင်ကိုယ်တိုင် သိမြင်ယုံကြည်ခံစားရမှာပါ။
ယေရှုဘုရားနဲ့ ရင်းနှီးမှုကို ဘယ်လိုအစပြုရမလဲ ဆိုတာ သိလိုပါသလား??
ကျွန်ုပ်တို့ဆီ ရင်ဖွင့်ဆွေးနွေးတိုင်ပင်လိုရင်
ဆက်သွယ်နိုင်ပါတယ်။