အစွဲအလမ်းကြီးတဲ့စိတ်ရှိနေရင်
ဒါလေးကို လေ့လာပါ
၁၉၈၀ နောက်ပိုင်းမှစပြီး စွဲလမ်းမှုအမျိုးအစားတွေပိုမိုများပြားလာပြီး ဗွီဒီယိုဂိမ်းများနှင့်လောင်းကစားများလည်း ပါဝင်လာပါတယ်။ ဒါတွေအပြင် ချမ်းသာမှုကိုစွဲလမ်းတာလည်း စွဲလမ်းမှုတစ်ခုအဖြစ်ပါဝင်လာတာကို သတိပြုမိကြလာပါတယ်။Slater ဆိုတဲ့သူက “စွဲလမ်းမှုဆိုတာ (၁)ကြီးမားလေ့ရှိတယ်၊ (၂)နာတာရှည်သဘောမျိုးဖြစ်တယ်၊ (၃)အဲဒါရှိမှပဲ ပြည့်စုံနိုင်တယ်ဆိုတဲ့ခံစားမှုမျိုး ခံစားစေတယ်”လို့ ပြောဖူးပါတယ်။
Slater က ဆက်လက်ပြီး “စွဲလမ်းမှုဆိုတာက ကိုယ့်ကိုယ်ကိုယ် ထင်မြင်သတ်မှတ်ခံစားမှုမျိုးဖြစ်ပြီး အဲဒါမှမရှိရင် မပြည့်စုံသလိုလို၊ လူစဉ်မမီသလိုလို၊ ကောင်းကောင်းမလုပ်နိုင်တော့သလိုလို’ ခံစားရတာမျိုးဖြစ်တယ်”
ဒီလိုစွဲလန်းမှုတွေကြောင့် ကျွန်ုပ်တို့ရဲ့လိုချင်တပ်မက်မှုတွေဟာလည်း များသထက်များလာကြပါတယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို မချနိုင်ရခြင်းရဲ့အခြေခံအကြောင်းတရားတွေထဲမှာ စွဲလန်းခြင်းကလည်း အရင်းခံအကြောင်းတရားတစ်ခုဖြစ်တာမို့ ဒီစွဲလန်းခြင်းပြဿနာကို အချိန်မီဖြေရှင်းဖို့ လိုအပ်ပါတယ်။
စွဲလမ်းမှုတစ်ခုကိုကုစားဖယ်ရှားနိုင်ရေးနဲ့ပတ်သက်ပြီး မြန်မာစကားပုံတစ်ခုက ဒီလိုဆိုပါတယ် “သစ်သားပေါ်မှာရှိနေတဲ့သံချောင်းကိုထွက်သွားစေချင်ရင် နောက်သံချောင်းတစ်ချောင်းနဲ့ ရိုက်ထည့်မှ သစ်သားပေါ်ကသံချောင်းက ထွက်သွားလိမ့်မယ်”ကျွန်ုပ်တို့ထဲမှာ ကြာရှည်စွာစိုက်နေတဲ့သံချောင်းဆိုတဲ့စွဲလမ်းမှုကို ကျွန်ုပ်တို့ ဘယ်လိုအရာနဲ့အစားထိုးကြမလဲဆိုတဲ့ မေးခွန်းရောက်လာရင် သင်ဘယ်အရာကို ပထမဦးဆုံး စပြီးစဉ်းစားမိပါသလဲ။
ဥပမာ – အွန်လိုင်းမှာရှိနေရမှ ပျော်ရွှင်တတ်တဲ့အကျင့်၊ အွန်လိုင်းကို အလွန်အကျူးစွဲလမ်းမိနေတဲ့အကျင့်မျိုးဖြစ်နေရင်၊ အွန်လိုင်းသုံးစွဲချိန်ကိုလျှော့ပြီး မိသားစုကိုအချိန်ပိုပေးဖို့ အပြောင်းအလဲလုပ်ရမယ်ထင်ပါတယ်လို့ သင်ပြောနိုင်ပါတယ်။ ဒါဟာ ကောင်းတဲ့အစပြုခြင်း ဖြစ်ပါတယ်။ဒါပေမယ့် ဒီထက်ပိုကြီးမားတဲ့စွဲလမ်းမှုကိုဆိုရင်ရော သင်ဘယ်လိုနည်းလမ်းနဲ့ ရင်ဆိုင်တုံ့ပြန်မလဲ။ အဖြေအများကြီး ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် နည်းလမ်းတစ်ခုတည်းက ပြဿနာအားလုံးရဲ့အဖြေမဖြစ်နိုင်ပါဘူး။
ဥပမာ – ချမ်းသာမှုကိုစွဲလမ်းမှုကိုဖြေရှင်းရမယ့်နည်းလမ်းဟာ အွန်လိုင်းစွဲလမ်းမှုကိုဖြေရှင်းတဲ့နည်းလမ်းနဲ့ လုံး၀တူနိုင်မှာမဟုတ်ပါဘူး။ဒါပေမယ့် စွဲလမ်းမှုနဲ့လိုချင်တပ်မက်မှုတွေကိုဖြေရှင်းနိုင်ဖို့ သဲလွန်စတစ်ခုကို သမ္မာကျမ်းစာထဲမှာ ဒီလိုဖော်ပြထားပါတယ်၊
“စုံစမ်းနှောင့်ယှက်ခြင်းကိုတွန်းခံနိုင်ရန်လိုအပ်သောခွန်အားနှင့် စုံစမ်းနှောင့်ယှက်ခြင်းတို့မှထွက်မြောက်ရာလမ်းကို သင်တို့အတွက် ဖွင့်ပေးတော်မူလိမ့်မည်”
ကျွန်ုပ်တို့ဘဝရှေ့ရေးအတွက် အနှောင့်အယှက်ဖြစ်စေတဲ့ လိုချင်တပ်မက်မှုနဲ့ စွဲလမ်းမှုတို့ကနေ လွတ်မြောက်ပြီး၊ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ရရှိနိုင်ဖို့ လေ့လာမှုနဲ့လေ့ကျင့်မှုတွေကို အတူတကွ စတင်လုပ်ဆောင်ကြဖို့ ခွန်အားပေးလိုက်ပါတယ်။ပျော်ရွှင်တဲ့ နေ့ရက်လေးတွေဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။