မစိုးရိမ်ပါနဲ့

“မိုးကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။” ရှင်မဿဲ ၆း၂၆

ငှက်တစ်ကောင်၊ တစ်သောင်းကိုသာ ကျွေးမွေးစောင့်ရှောက်တာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ရှိနေတဲ့ ငှက်တွေအားလုံးကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ငှက်တွေကိုတောင် ဒီလောက်ဂရုစိုက်ပြီး နေ့တိုင်းစားသောက်ဖို့ ပြင်ဆင်ပေးတယ်ဆိုတာကို ထိုကျမ်းချက်နဲ့ ဖော်ပြထားတယ်ဆိုတာက ကျွန်ုပ်တို့လူသား တွေကိုပိုပြီး တန်ဖိုးထားတာ ဖြစ်ပါတယ်။


အလုပ်မရှိချိန် ဘာနဲ့များ စားသောက်ရမလဲ။ ဘယ်သူက ကျွန်ုပ်တို့ကို အရေးတယူနဲ့ လာကူညီပေးမှာလဲ ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနိုင်ပါတယ်။


ကျွန်ုပ်တို့ရဲ့ သူငယ်ချင်းကနေ ဖြစ်ပါစေ၊ အခြားအဖွဲ့အစည်းကနေ ဖြစ်ပါစေ အမျိုးမျိုးသော နည်းလမ်းနဲ့ ပေးလှူမဲ့ သူရဲ့ နှလုံးသားကို နှိုးဆော်ပေးပြီး ကျွန်ုပ်တို့ကို လာလှူဒါန်း ကူညီကြတာမျိုးဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး ယေရှုဘုရားကနေ ကျွန်ုပ်တို့ကို ပေးတဲ့ ကောင်းကြီးဖြစ်ပါတယ်။

ပညာကိုတန်ဖိုးထားသူနဲ့ ပေါင်းဖော်ပါ

“ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏။” သုတ္တံကျမ်း ၁၃း၂၀

ကျွန်ုပ်တို့ရဲ့ ဘဝမှာ ထားရှိမဲ့ သူငယ်ချင်းတွေကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ အလုပ်အဆင်မပြေတာနဲ့ဆိုင်ပြီး သူတို့က ကျွန်ုပ်တို့ကို အပြစ်ပြောတဲ့သူလား၊ ကျွန်ုပ်တို့ရဲ့ ရွေးချယ်မှု မှားခဲ့တာကြောင့်လို့ သူတို့အဲလိုပဲ အမြဲပြောနေတတ်သူလား၊ အစရှိတဲ့ အပြုအမူ၊ အတွေးခေါ်ကို လေ့လာပါ။


အပြစ်ပြောတာထက် ကျွန်ုပ်တို့ကို ခွန်အားပေးပြောတတ်သူ၊ အကြံဉာဏ်ကောင်းပေးနိုင်တဲ့သူကို ရွေးချယ်ပြီး ပေါင်းဖော်ဖို့ လိုအပ်ပါတယ်ဆိုတာကို

ကျမ်းစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဆက်လက်လေ့လာမည်