ကျမ်းစာအုပ်ထဲက ကျမ်းချက်တွေကို ဖတ်ရှုပြီး ပြုမူနေထိုင်သလို ဆုတောင်းခြင်းကိုလည်း ပြုလုပ်လို့ရပါတယ်။ ဆုတောင်းခြင်းဆိုတာက ရိုးရှင်းလှပါတယ်။ သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းခြင်းနဲ့ တူလှပါတယ်။
ယေရှုဘုရားကိုယ်တိုင်ပြောထားပါတယ်။ ကျွန်ုပ်တို့အားလုံးအတွက် သူက သူငယ်ချင်းကောင်းပါတဲ့။ စိတ်ဝမ်းနည်းနေရင်လည်း ဖွင့်ပြောလို့ ရသလို၊ အကူအညီလည်း တောင်းလို့ ရပါတယ်တဲ့။
ဖော်ပြခဲ့တဲ့ “မစိုးရိမ်ပါနဲ့” ဆိုတဲ့ ကျမ်းချက်ကလည်း ယေရှုဘုရားရဲ့ နှုတ်ထွက်စကား ဖြစ်ပါတယ်။ ဆုတောင်းရင် လက်အုပ်နှစ်ဖက်ကို ချီပြီး မျက်လုံးမှိတ်ထားရလေ့ ရှိပါတယ်။ ဒါပေမယ့် ခုသင့်အနေနဲ့ လေ့ကျင့်နေတယ်ဆိုတော့ မျက်လုံးမှိတ်ထားစရာမလိုသေးပါဘူး။
ဖော်ပြထားတဲ့ ဆုတောင်းချက်အတိုင်း လိုက်ဆိုနိုင်ပါပြီ။
ဆုတောင်းချက် - “ယေရှုဘုရားကို သိခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်၊မ၊သား၊သမီး မှာ အလုပ်မရှိတော့လို့ မိဘ၊ မောင်နှမအတွက် အသုံးစားရိတ်ထောက်ပံ့မှုတွေလည်း မလုပ်နိုင်တော့ပါဘူး။
ဒီ့အပြင် ကျွန်ုပ်ကိုယ်တိုင်လည်း ဝယ်ယူအသုံးပြုချင်တဲ့ အသုံးအဆောင်တွေကိုလည်း ဝယ်ယူဖို့ ငွေကြေးမရှိ ဖြစ်နေပါတယ်။ ယေရှုဘုရားကယ်မပေးတော်မူပါ။
အလုပ်မရှိတော့ပေမယ့်လည်း ယေရှုဘုရားရဲ့ တန်ခိုးတော်ကို ယုံကြည်ချင်ပါတယ်။ ယေရှုဘုရားရဲ့ ချစ်ခြင်းမေတ္တာနဲ့ ထောက်ပံ့မှုတွေကို ဘဝမှာ ခံစားချင်ပါတယ်။ ကျွန်ုပ်နဲ့ အခြေအနေတူနေတဲ့ သူတွေအားလုံးအတွက်လည်း ဆုတောင်းပေးချင်ပါတယ်။ သူတို့ကိုလည်း ယေရှုဘုရား ကူညီမစပေးတော်မူပါ။ ယေရှုနာမအားဖြင့် ဆုတောင်းဆက်ကပ်အပ်နှံပါ၏။အာမင်”
ကျမ်းစာအုပ်ထဲမှာပါရှိတဲ့ ကျမ်းချက်တွေကို ဆက်လက်ပြီး ဖတ်ရှုချင်တဲ့အပြင် ယေရှုဘုရားအကြောင်းကိုလည်း ပိုပြီသိရှိချင်တယ်ဆိုရင်တော့ ကျွန်ုပ်တို့နဲ့ ဆက်သွယ်နိုင်ပါပြီ။
