စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ပြင်ဆင်မှုပိုင်းဆိုင်ရာတို့ကို ကျရှုံးမှုကနေ အောင်မြင်လာတဲ့သူတွေဆီကနေ လေ့လာသလို သမ္မာကျမ်းစာကနေလည်း ထပ်ပြီး လေ့လာဖို့ ခေါ်အပ်ပါတယ်။
Abraham Lincoln ဆိုတဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတ ဖြစ်ခဲ့သလို ယခုအချိန်ထိ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်ရဲ့ ငွေဖြစ်တဲ့ ဒေါ်လာကိုလည်း Abraham Lincoln ရဲ့ ပုံကို အသုံးပြုထားတာ ဖြစ်ပါတယ်။
“သမ္မာကျမ်းစာဆိုတာက လူတွေကို ဘုရားသခင်ကပေးတဲ့ အကောင်းဆုံး လက်ဆောင်တစ်ခုဖြစ်ပါတယ်” လို့ Abraham Lincoln ကိုယ်တိုင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သူပြောတဲ့ အကောင်းဆုံးလက်ဆောင်ထဲမှာ ပါရှိတဲ့ ကျမ်းချက်အချို့ကို ဖတ်ရှုလေ့လာကြည့်ရအောင်။
