Covid - 19 လို ပြဿနာအတွက်ကို သက်ဆိုင်ရာ ခေါင်းဆောင်တွေကနေ တာဝန်ယူဖို့ စီစဉ်ပေးတာ တွေ့ရပါတယ်။
G-20 လို့ ခေါ်ပြီး နိုင်ငံပေါင်း (၂၀) ပါဝင်တဲ့ အဖွဲ့အစည်းဆိုရင်လည်း အလုပ်အချိန်ကို လျှော့ချခြင်း၊ ထောက်ပံ့ငွေ ပေးခြင်း၊ စီးပွားရေးပျက်ကျမသွားအောင် ကာကွယ်ပေးဖို့အတွက်ကအစ အသေးစိတ် ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။
G-20 မှာဆိုရင် အာဂျင်တီးနား၊ သြစတေးရီးယား၊ ဂျာမဏီ၊ အီတလီ၊ တောင်ကိုးရီးယား၊ အင်ဒိုနီးရှား အပြင် အခြားသော အနောက်နိုင်ငံကြီးများလည်း ပါဝင်တာ ဖြစ်ပါတယ်။ ထို့အတူ အခြားသော ပြဿနာများအတွက်လည်း သက်ဆိုင်ရာ ခေါင်းဆောင်များမှ ကြိုတင်စီစဉ်ပေးထားတာတွေလည်း ရှိပါတယ်။
ဒါပေမယ့် သင်နဲ့ ကျွန်ုပ်တို့ရဲ့ ဦးဆောင်သူများကတော့ ဖော်ပြခဲ့တဲ့ နိုင်ငံက စီးပွားရေး၊ အဖွဲ့အစည်းခေါင်းဆောင်များနဲ့ တူမှာ မဟုတ်ပါဘူး။
ဒါဆိုရင် ဘယ်သူရဲ့ အပြစ်လဲ။
ကျွန်ုပ်ကိုယ်တိုင် လုပ်ငန်းခွင်ရွေးချယ်ခဲ့တဲ့နေရာများ မှားခဲ့ပါသလား။
မဟုတ်ရင် သူတို့ကဘဲ မကောင်းတဲ့ခေါင်းဆောင်များ ဖြစ်နေပါသလား။
ကျွန်ုပ်တို့ရဲ့ အလုပ်နဲ့ ပြဿနာများကို အစရှိတဲ့ မေးခွန်းများနဲ့ ဒေါသထွက်တာတို့လည်း ဖြစ်နေနိုင်ပါတယ်။ ပြီးခဲ့တဲ့အရာတွေအတွက် နောင်တရပြီး နေတာထက် လက်ရှိဖြစ်နေတဲ့ အလုပ်လက်မဲ့ လိုအခြေအနေမျိုးမှာ ကျွန်ုပ်တို့ကို ဘယ်သူက ကူညီပေးနိုင်မလဲ၊ စိတ်ဓာတ်ကျမသွားအောင် ဘယ်လိုနေထိုင်ရမယ် ဆိုတာလေးကို အာရုံစိုက်ဖို့ လိုအပ်ပါတယ်။
“သင့်ဘဝအတွက် သင်ကိုယ်တိုင် တာဝန်ယူရမှာ ဖြစ်ပါတယ်။ အခြားသူတွေကို အပြစ်တင်ပြီး နေဖို့မဟုတ်ပါဘူး” Oprah Winfrey Oprah Winfrey ဆိုသူကတော့ ဒုက္ခများစွာကို ငယ်ရွယ်စဉ်ကတည်းက ခံစားခဲ့ရသူဖြစ်ပေမယ့် ခုချိန်ဆိုရင်တော့ ဘီလီယံနာလို့ ချီးမြှောက်ခံထားရတဲ့သူ ဖြစ်ပါတယ်။ သူရဲ့ စိတ်ဓာတ်ကို ခိုင်မာလာစေဖို့ ဖြစ်စေခဲ့တာကတော့ အခြားတော့ မဟုတ်ပါဘူး သူကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေထဲကနေ သင်ခန်းစာယူခဲ့လို့ ဖြစ်ပါတယ်။
“သင်အသက်ရှုနေသေးတယ်ဆိုရင်တော့ သင့်မှာ ဒုတိယအခွင့်အရေးရှိပါသေးတယ်” Oprah Winfrey သူကိုယ်တိုင် အသက်နဲ့တောင် ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာကနေ စိတ်ခိုင်မာစွာ ပြန်လည် ရုန်းထွက်နိုင်ခဲ့လို့ ကျွန်ုပ်တို့လို လူငယ်တွေအတွက်အပြင် အခြားသော စိတ်ဓာတ်ကျနေသူများကို အားပေးနိုင်ခြင်း ဖြစ်ပါတယ်။ Oprah Winfrey ပြောထားသလိုပဲ ကျွန်ုပ်တို့မှာ အသက်ဆိုတာရှိနေသရွှေ့တော့ ဒုတိယဆိုတဲ့အခွင့်အရေးကို ရှာဖွေဖို့ စိတ်ဓာတ်ကို ပြန်လည်ပြင်ဆင်ကြရအောင်။
