ပုံမှန်အလုပ်လုပ်ရင်း ဝင်ငွေလေးတွေလည်း ရနေတော့ မိသားစုကိုလည်း ထောက်ပံ့ပေးနေနိုင်သလို၊ ကျွန်ုပ်တို့ သူငယ်ချင်းတွေနဲ့ အားလပ်ရက်လေးတွေမှာ တွေ့ဆုံပြီး စားသောက်နိုင်ကြပါတယ်။


ဒါပေမယ့် ပြဿနာတစ်ခုက ကျွန်ုပ်တို့ဘဝကို ရိုက်ခတ်လာတဲ့ချိန်မှာ ပုံမှန်ဖြစ်နေတဲ့ဘဝကနေ ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားတတ်ပါတယ်။ တချို့လုပ်ငန်းခွင်တစ်ခုလုံး ရပ်ဆိုင်းလိုက်ရတော့ ဝန်ထမ်းများစွာ အလုပ်လက်မဲ့ ဖြစ်သွားရပါတယ်။ ဒါပေမယ့် လူဦးရေ အနည်းငယ်လောက်ကတော့ အလုပ်ဆက်ရနေတုန်းပါပဲ။


အလုပ်နဲ့ ဝင်ငွေက ပုံမှန်သာ ဖြစ်နေပေမယ့် စိတ်ကတော့ သတင်းကို ကြည့်ပြီး တစ်နေရာပြီး တစ်နေရာကို ပြောင်းရွှေ့နေပြီး အာရုံက စုစည်းလို့ မရတွေ ဖြစ်နေနိုင်ပါတယ်။

သင်ကတော့ အလုပ်ကို ဆုံးရှုံးလိုက်ရတဲ့သူများ ဖြစ်နေတယ်ဆိုရင်တော့ -

အလုပ်နဲ့ ပြဿနာကြား ဆက်စပ်မှုကြောင့် ဖြစ်နေတဲ့ အကျိုးဆက်တွေကို ဘာကြောင့် ခံစားနေရတာလဲ အခုထိ အလုပ်ရနေတဲ့သူတွေရဲ့ အလုပ်ခွင်မျိုးကို ရွေးချယ်ခဲ့သင့်တာလို့ မိမိကိုယ်ကို ဒေါသတွေ ထွက်နေပါသလား အစရှိတဲ့ မေးခွန်းကောင်းတွေအတွက် ဆက်စပ်တဲ့ အဖြေတွေကို ပေးချင်ပါတယ်။


“သင်အသက်ရှုနေသေးတယ်ဆိုရင်တော့ သင့်မှာ ဒုတိယအခွင့်အရေးရှိပါသေးတယ်” Oprah Winfrey

ဆက်လေ့လာမည်

မျှဝေလိုက်ပါ