ထပ်မံပြီးတော့ ကြိုဆိုလိုက်ပါတယ်။ မည်ကဲ့သို့သော နာကျင်ကြေကွဲနေပါစေ၊ ဖြေရှင်းတတ်ရင် ဖြေရှင်းသွားနိုင်ကြပါတယ်။ အောက်ပါအချက်တချို့တွေကတော့ စာဖတ်သူကို အကူညီအဖြစ်စေမှာ အမှန်လို့ ယုံကြည်ပါတယ်။
၁။ယခုပင်သစ္စာဖောက်ခံရသောပုံရိုပ်များကိုမိမိအတွင်းထဲမှစတင်ပြီးဖျက်ထုတ်လိုက်ပါ။
၂။ခွင့်လွှတ်ပေးလိုက်ပါ။ ခွင့်လွှတ်ခြင်းသည်အခြားသူတို့၏မှားယွင်းသောအပြုအမူကိုလက်ခံခြင်းဟုမဆိုလိုပါ။ အတွင်း၌မြှုပ်ထားသောနာကျင်မှု၊ စိတ်ပျက်ခြင်းနှင့်ခါးသီးခြင်းများမှခွဲထုတ်ခြင်းကိုဆိုလိုသည်။
၃။သစ္စာဖောက်ခံရဖူးပေမယ့်၊လောကတွင်အကောင်းဆုံးရပ်တည်နေကြသောသူများနှင့်မိတ်ဖွဲ့နေထိုင်ပါ။သူတို့၏အကြံဉာဏ်ပေးလာမှုတွေကိုကျင့်သုံးလုပ်ဆောင်ပါ။
၄။သစ္စာဖောက်မှုကင်းသောအနာဂတ်ကိုမြင်ယောင်ကြည့်ပါ။ဒါဟာစိတ်ကူးယဉ်ဖို့အဆင်ပြေပါတယ် လက်ရှိအားနည်းချက်များရှိသော်ငြားအကောင်းဆုံးစံပြအနာဂတ်ကိုမြင်ယောင်နိုင်ခြင်းသည်ဘဝ၏အလှဆုံးသောအစိတ်အပိုင်းတစ်ခုဖြစ်သည်။
၃။မိမိအတွက်ဘုရားသခင်ထံဆုတောင်းအကူအညီရယူပါ။ ဘုရားသခင်သည် အသက်ရှင်သောဘုရားသခင်ဖြစ်လို့ စာဖတ်သူမိတ်ဆွေကို အကူအညီပေးနိုင်ပါတယ်။ ဆက်သွားလိုက်ရအောင်။
