အတွေ့အကြုံအရ ဘုရားသခင်အားဖြင့် ဖြေရှင်းကျော်ဖြတ်ခြင်းက လုံး၀လုပ်သင့်သောအရာလို့ မှတ်ချက်ပြုချင်ပါတယ်။ ဘာလို့ဆို သူဟာအသက်ရှင်ပြီး လူသားတိုင်းကို သိနေပြီး သူ့ထံတော်းပါး တိုးဝင်ခိုလှုံဆုတောင်းလာသူတိုင်းအား မစကူညီနေတာမလို့ပါ။ ဆိုတော့ ဘယ်လိုဖြေရှင်းကြမလဲ။
ဘုရားသခင်ထံကို မိမိမှာရှိနေသော နာကျင်စွာ ခံစားနေရမှုများ၊ ကြေကွဲနေရမှုများ၊ သစ္စာဖောက်ခံရမှု၏ ဝမ်းနည်းမှုတွေကို ပုံအပ်ပြီးဆုတောင်းဖို့ပါပဲ။ဘုရားသခင်ပြင်ဆင်ပေးပါလိမ့်မယ်။ ဘုရားသခင်ထံဆုတောင်းလိုပါသလားနော်။
ဆုတောင်းလိုပါက အောက်ပါအတိုင်း ဆုတောင်းနိုင်ပါတယ်။
"လူသားများကိုဖန်ဆင်းပြီးအသက်ရှင်လျက်၊လူသားများကိုမစကူညီပေးနေတော်မူသောဘုရားသခင်၊ကျွန်တော်၊မယခုခံစားနေရသော သစ္စာဖောက်ခံရမှုတွေကြောင့် နာကျင်နေမှု၊ ဝမ်းနည်ကြေကွဲနေမှု၊ ဖြေမဆည်နိုင်ဖြစ်နေမှုတွေနဲ့ဘုရားသခင်ထံဝင်လာပါတယ်။
ဘုရားသခင်ကလူသားတို့ရဲ့အခက်အခဲတွေကို မစပေးနေတယ်ဆိုတာကိုကြားခဲ့ရသလို၊ ယုံကြည်သောကြောင့် ကျွန်တော်၊မရဲ့အခက်အခဲများကိုလည်း ဖြေရှင်းကူညီမစပေးဖို့ လာရောက်ဆုတောင်းပုံအပ်တာဖြစ်ပါတယ်။
ကျွန်တော်၊မ၏အခက်အခဲ၊ပြဿနာစိန်ခေါ်မှုများကိုကူညီမစဖြေရှင်းပေးတော်မူပါ။
ဘုရားသခင်ဖြေရှင်းပေးနိုင်တာကိုယုံကြည်လျက်ဆုတောင်းလိုက်ပါတယ်။အာမင်"
ကျွန်ုပ်တို့နဲ့ ဆက်သွယ်နိုင်ပါပြီ။
