ဒီနေရာကို ရောက်လာခြင်းအတွက်ထပ်မံပြီး ကြိုဆိုပါတယ်။ ကျွန်တော်ကခရစ်ယာန်တစ်ဦးပါ။
ခရစ်ယာန်တို့တွင်းမှာလည် သစ္စာဖောက်သောသူများ၊ သစ္စာအဖောက်ခံရသောသူများများရှိလေတော့ သစ္စာဖောက်ခံရသောအခါများတွင် မည်ကဲ့သို့ ဖြေရှင်း လုပ်ဆောင်တတ်ကြသည်ကို ဝေမျှပေးလိုပါတယ်။
၁။ယုံကြည်စိတ်ချရသောသူငယ်ချင်းများကိုပြောပြတိုင်ပင်ပါတယ်။
၂။ခက်ခဲနေပေမယ့်လည်းသမ္မာကျမ်းစာဖတ်ရှုဆင်ခြင်ပြီးဘုရားသခင်ထံဆုတောင်းပါတယ်။
၃။ယုံကြည်စိတ်ချရသောဓမ္မဆရာများထံရင်ဖွင့်တိုင်ပင်ရင်းဘုရားသခင်ထံဆုတောင်းပေးမှုကိုခံယူပါတယ်။
၄။ငါ့ရဲ့ဖြစ်တည်မှုအားလုံးကိုငါကိုးကွယ်တဲ့ဘုရားသခင်ကအသက်ရှင်တာဖြစ်လို့ သူအားလုံးသိတယ်။ သူဖြေရှင်းပေမယ်။ သူအသစ်ဖြစ်စေမယ်၊ သူကောင်းကြီးပေးမယ်လို့ ယုံကြည်စွာနဲ့ဖြတ်သန်းပါတယ်။
အချိန်တခုရောက်သောအခါ အားလုံးကို ဖြတ်ကျော်နိုင်ပါတယ်။ ဆက်လက်ဝေမျှပေးချင်ပါတယ်။ ဆက်လက်လေ့လာရအောင်။
