ယေရှုဘုရားက လူသားတွေရဲ့ကျူးလွန်ဖောက်ဖျက်သော ပြစ်မှုအတွက် ခံစားရမယ့် ဆင်းရဲဒုက္ခတွေအတွက် လူသားများကိုယ်စား ခံယူပြီး လူသားများခံယူရမယ့် ပြစ်မှုများရဲ့အခကို ပယ်ဖျက်ပေးဖို့ လောကကိုဆင်းကြွလာခဲ့သော လူသားများကို ဖန်ဆင်းသော ဘုရားသခင် ဖြစ်တော်မူပါတယ်။
လူသားတွေဟာ ၎င်းတို့ကျူးလွန်တဲ့အကုသိုလ်ပြစ်ကြွေးတွေအတွက် အခကို ယခင်ဘ၀မှာလည်း ဆင်းရဲဒုက္ခခံပြီး ဆပ်ရမှာဖြစ်သလို လောကကနေသေခြင်းတရားနဲ့ ထွက်ခွါသွားသောအခါတွင်လည်း အပယ်ငရဲသို့သာ ဦးတည်တာပါ။
လူသားများကို သိပ်ချစ်တဲ့ ယေရှုဘုရားက ယခုဘ၀အတွက်ကိုရော၊ နောင်ဘ၀အတွက်ကိုပါ ဖြေရှင်းပေးခဲ့ပါတယ်။ ယေရှုဘုရားက အပြစ်ရဲ့အခတွေကို ဘယ်လိုပေးဆပ်ချေဖျက်ပေးခဲ့လည်းဆိုရင် သူ့ရဲ့အသက်ကို စတေးခံလျက် လက်ဝါးကားတိုင်ပေါ်တွင် အသက်တော်ကို စွန့်ခဲ့ပါတယ်။ သင်္ဂြိုလ်ပြီး(၃)ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ခဲ့ပါတယ်။
ယနေ့တိုင်အသက်ရှင်တော်မူလျက် လူသားများခံစားနေရသော ဆင်းရဲဒုက္ခများကို နားလည်ပေးလျက် ကူညီစောင်မပေးနေပါတယ်။ ယေရှုဘုရားကို မိမိကိုကယ်တင်သော ကယ်တင်ရှင်အဖြစ် စာဖတ်သူက ယုံကြည်လျှင် ယခုဘ၀အတွက်သာမက နောင်ဘ၀အပယ်လားရမယ့်အရေးကိုလည်း စိတ်ပူစရာမလိုတော့ပါ။ ကောင်းကင်ဘုံတွင် ထာ၀စဉ် နေသွားရမှာ ဖြစ်ပါတယ်။
စာဖတ်သူမိတ်ဆွေကို အခုဝေမျှနေတဲ့သူကလည်း ယေရှုဘုရာကို မိမိကိုကယ်တင်ပေးခဲ့သော ကယ်တင်ရှင်အဖြစ်ယုံကြည်တဲ့သူပါ။ လောကမှာ နေထိုင်စဉ် ခံစားရသော ဆင်းရဲဒုက္ခများကို ရင်ဆိုင်ကြုံတွေ့လာရပြီဆိုလျှင် မည်ကဲ့သို့ဖြေရှင်းကြောင်းကို စိတ်ဝင်စားလားနော်။
စိတ်ဝင်စားပါက ဆက်လက်သွားလိုက်ရအောင်။
