ယေရှုဘုရားကို ကယ်တင်ရှင်အဖြစ်ယုံကြည်တဲ့သူတစ်ဦးဟာ လောကတွင်နေထိုင်စဉ် ရင်ဆိုင်ခံစားလာရသော ဆင်းရဲဒုက္ခများကို ခံစားလာရသောအခါများတွင် အောက်ပါအတိုင်း ဖြေရှင်းသလို၊ အမှန်တကယ်လည်း အောင်မြင်စွာ ဖြတ်သန်းနိုင်သွားပါတယ်။


၁။ဆင်းရဲဒုက္ခတွေကြုံဆုံလာရပြီဆိုလျှင် ဦးစွာ ဘုရားသခင်မိမိအကြောင်းကို သိနေတယ်။ မိမိနဲ့အတူလည်းရှိနေတယ်။ မိမိကိုလည်းကူညီဖို့ ရှိနေတယ် ဆိုတာကို ပြန်လည်သတိပြုပါတယ်။


၂။သမ္မာကျမ်းစာကိုလည်း စိတ်ပါဝင်စားစွာ ဖတ်ရှုဆင်ခြင်အောက်မေ့လျှောက်လှမ်းပါတယ်။


၃။ဓမ္မဆရာ၊မများနှင့်လည်းတိုင်ပင်ပြီး၊၎င်းတို့သွန်သင်ပေးသောသမ္မာကျမ်းစာရှိတရားတော်များ၊၎င်းတို့၏ဘုရားသခင်ထံဆုတောင်းပေးမှုများကို လိုက်နာခံယူပါတယ်။


၄။မိမိကိုယ်တိုင်ယေရှုဘုရားထံကိုခံစားနေရသောဆင်းရဲဒုက္ခတွေကိုအောင်မြင်စွာဖြင့်ဖြတ်ကျော်နိုင်စေဖို့ဆုတောင်းပါတယ်။ စာဖတ်သူမိတ်ဆွေလည်း ယေရှုဘုရားထံ ဆုတောင်းနိုင်ပါတယ်။ ယေရှုဘုရားက စာဖတ်သူကို ချစ်တဲ့ဘုရားပါ။ မေတ္တာထားတဲ့ဘုရားပါ။

စာဖတ်သူရဲ့ဆုတောင်းမှုကိုလည်းကြားချင်လျက် အဖြေပေးကူညီပေးမယ့်ဘုရားသခင်ပါ။



ယေရှုဘုရားထံကို ဆုတောင်းလိုပါသလား။ ဆုတောင်းလိုပါက ဒီလိုဆုတောင်းလိုက်ကြရအောင်။

ဆက်လက်လေ့လာမည်