ဆင်းရဲဒုက္ခကို ခံစားလိုက်ရတဲ့ သူတိုင်းဟာ ပုံမှန်အနေအထား ပြန်ရောက်နိုင်ဖို့ အတော်အချိန်ယူကြရပါတယ်။


အခုနက ပြောခဲ့တယ်။ ဆင်းရဲဒုက္ခက ဘယ်ကရောက်လာတာလဲ၊ လူသားတွေက ဘာလို့ ၎င်းဆင်းရဲဒုက္ခတွေကို ခံစားကြရတာလဲ။


 ဒီအကြောင်းတွေကို ပြောရမယ်ဆိုရင် သမ္မာကျမ်းစာကို ပြန်သွားဖို့ လိုပါတယ်။ သမ္မာကျမ်းစာမှာ ဖေါ်ပြထားတဲ့ အချက်အချို့ကနေ စလိုက်မယ်နော်။ သမ္မာကျမ်းစာထဲမှာ


၁။ကမ္ဘာကြီးနှင့်လူသားများတိရိစ္ဆာန်များကို ဘုရားသခင်ဖန်ဆင်းတယ်။ ဘုရားသခင်ဟာ လူသားများကို ဖန်ဆင်းရခြင်းဟာ သူ့ဘုန်းတော်အတွက် ဖြစ်စေသလို၊ လူသားကိုလည်း ကောင်းမွန်သောဘ၀ အခြေအနေနဲ့ ဖြတ်သန်းစေချင်တာပါ။ လွတ်လပ်စွာ နေထိုင်အသက်ရှင်ခြင်းဖြင့် ဖန်ဆင်းထားတာပါ။ သို့သော် ပညာတ်ချက်တခုတော့ရှိတယ်။ သူတို့ကိုထားထားသော ဧဒင်ဥယျာဉ်ရဲ့အလယ်မှာ ကောင်းမကောင်းသိကြွမ်းရာ အပင်ကိုမစားပါနဲ့၊ စားသောနေ့တွင် သေရမယ် (ဆင်းရဲဒုက္ခတွေတစ်ပွေကြီးနဲ့ ဖန်ဆင်းရှင် ဘုရားသခင်နှင့် အဆက်ပြတ်လျက် ဖြတ်သန်းရှင်သန်ရမယ်လို့ မိန့်မှားထားပြီးဖြစ်ပါတယ်။)


၂။လူသားများအပြစ်ကျူးလွန်ကျတယ်။ ဒါပေမယ့် လူသားတွေဟာ ပညတ်ထားချက်ကို ကျူးလွန်ဖောက်ဖျက်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင်ပြောထားတဲ့အတိုင်း ထိုးကျူးလွန်ဖောက်ဖျက်ခြင်းရဲ့ ပြစ်ဒဏ်ကို လက်တွေခံစားရမယ်။ ၎င်းအချိန်ကစပြီး လူသားတွေဟာ ဘုရားသခင် တားမြစ်ထားတဲ့ ပညာတ်ချက်ကို ချိုးဖောက်ပြီး အသက်ရှင်ခဲ့ရာကနေ ဆင်းရဲဒုက္ခက မလိုချင်လည်း ခံစားယူဆောင်သွားရတာ ဖြစ်တယ်။


ဆိုတော့က ဆင်းရဲဒုက္ခတွေ ခံစားရခြင်းရဲ့ ဇစ်မြစ်ဟာ လူသားများကို ဘုရားသခင်တားမြစ်ထားသော ပညတ်ချက်ကို ဖောက်ဖျက်ကျူးလွန်ခဲ့ရာမှနေ စခဲ့တာဖြစ်ပါတယ်။ ဒါဆိုရင် ဆင်းရဲဒုက္ခရဲ့ ဇစ်မြစ်ကို သိပြီးလောက်ပြီလို့ ယူဆပါတယ်။ သတင်းကောင်းတခုကတော့ ၎င်းဆင်းရဲဒုက္ခမှသည် ကောင်းမွန်ရာသို့ ရောက်ရှိစေဖို့ ပြင်ဆင်ပေးတဲ့ပုဂ္ဂိုလ်ထူးတစ်ဦး ရှိနေပါတယ်။

 

စိတ်ဝင်စားပါသလားနော်။ စိတ်ဝင်စားပါက ဆက်သွားလိုက်ကြရအောင်။

ဆက်လက်လေ့လာမည်