ဒီနေရာကိုရောက်လာခြင်းအတွက်ကြိုဆိုပါတယ်။ ကျွန်တော်ကခရစ်ယာန်တစ်ဦးပါ။ ခရစ်ယာန်တို့သည်လည်း လူသားများဖြစ်နေတော့ မသေချာမှု၊ မရေရာမှုအခြေနေတွေကို ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာ စိတ်ပူပန်တတ်ကြပါတယ်။ ဒါပေမယ့် ကျော်လွှားဖြေရှင်းတတ်တဲ့အချက်တွေများ ရှိပါတယ်။
ဒါကိုဝေမျှပေးချင်ပါတယ်။
၁။ဘုရားသခင်ထံတိုးဝင်ဆုတောင်းပါတယ်။ မသေချာမှုတွေကိုရင်ဆိုင်လာရတော့ငိုကြွေးကြတယ်။စိတ်ပူကြတယ်။ဒါပေမယ့်ဘုရားသခင်ထံကိုသာဆုတောင်းခြင်းနဲ့အဆုံးသတ်ပါတယ်။
၂။လေးစားရသောဓမ္မဆရာ၊မတွေကိုဆက်သွယ်ပြီး၊ရင်ဖွင့်လျက်၊ဆရာ၊မတို့ပေးလာသောအကြံညဏ်တွေကိုလက်ခံလျက်၊၎င်းတို့၏ဘုရားသခင်ထံဆုတောင်းပေးမှုကိုတောင်းခံလက်ခံပါတယ်။
၃။မိတ်ဆွေ၊သူငယ်ချင်းများထံရင်ဆိုင်နေရသောအခြေအနေတွေကနေကျော်လွှားနိုင်ဖို့ဆုတောင်းခံချက်တွေတင်ပြီးဘုရားသခင်ထံဆုတောင်းပေးဖို့မေတ္တာရပ်ခံပါတယ်။
၄။ဘုရားသခင်အားလုံးကိုထိန်းချုပ်ထားတယ်၊ အားလုံးကိုဖြေရှင်းပေးလိမ့်မယ်။ ဆိုပြီး ယုံကြည်မှုအပြည့်ဖြင့် ဖြတ်သန်းပါတယ်။ စသည်အချက်များအတိုင်း ရင်ဆိုင်ဖြတ်သန်းပါတယ်။ အချိန်တခုရောက်သောအခါ အားလုံးကို ဖြတ်ကျော်နိုင်ပါတယ်။
ဆက်လက်ဝေမျှပေးချင်ပါတယ်။ ဆက်လက်လေ့လာရအောင်။
