အောက်ပါအချက်တွေက မသေချာ မရေရာသော အခြေအနေတွေမှာမည်ကဲ့သို့ ဖြတ်သန်းသင့်လည်းဆိုတာကို ကူညီအထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။
၁။သည်းခံစိတ်ကိုမွေးမြူပါ။ မသေချာမရေရာခြင်းတွေက လူသားတို့ရဲ့စိတ်ကိုပူပန်စေတယ်။ ဒါကိုဖြေရှင်းဖို့က သည်းခံစိတ်ထားလျက် ဖြတ်သန်းခြင်းပါပဲ။
၂။သတိကပ်ဖို့လိုပါတယ်။ သတိကပ်ခြင်းက မသေချာမရေရာသောအခြေအနေတခုခုကို ရင်ဆိုင်ကြုံတွေ့လာသောအခါတွေမှာ မည်ကဲ့သို့ ဖြေရှင်းကျော်လွှားရမည်ကို ကူညီသတိပေးပါတယ်။
၃။အချိန်ဇယားတည်ဆောက်ပါ။ မသေချာမရေရာမှုတွေ ကြုံတွေ့လာသောအခါမှာ စိတ်ဖိစီးပြီး စားသောက်ခြင်း၊ အိပ်စက်ခြင်း စသည်ဖြင့်တွေဟာ ကမောက်ကမဖြစ်တတ်ပါတယ်။ ကမောက်ကမဖြစ်တော့ ပိုစိတ်ဖိစီးတတ်။ ဒါကို ဖြေရှင်းဖို့က စားသောက်ခြင်းပဲဖြစ်ဖြစ်၊ အိပ်စက်ခြင်းပဲဖြစ်ဖြစ် စသည်တို့ကို အချိန်ဇယားလုပ်ဆောင်ပြီး ဖြတ်သန်းသင့်ပါတယ်။
၄။မိမိထိန်းချုပ်နိုင်သောအရာကိုအာရုံစိုတ်ပါ။ မသေချာမရေရာမှုတွေကို လူတွေကြုံတွေ့လာတဲ့အခါမှာ ကယောက်ခြောက်ခြားဖြစ်တတ်ပါတယ်။ မိမိထိန်းချုပ်နိုင်သောအရာတွေကို ပြန်လည်အာရုံစိုတ်ပြီး လုပ်ဆောင်သင့်ပါတယ်။
ဆက်လက်လေ့လာကြရအောင်ဗျာ။ ဖိတ်ခေါ်ပါတယ်။