ဒီနေရာကိုရောက်လာခြင်းအတွက်ကြိုဆိုပါတယ်။ ကျွန်တော်ကခရစ်ယာန်တစ်ဦးပါ။
ခရစ်ယာန်တို့မှာလည်း လူသားများဖြစ်နေတော့ ဆုံးရှုးနာကျင်မှုတွေကို ခံစားဖူးကြပါတယ်။ ၎င်းကဲ့သို့ခံစားလာရသောအခါများတွင် မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်း လုပ်ဆောင်တတ်ကြသည်ကို ဝေမျှပေးလိုပါတယ်။
၁။ဘုရားသခင်ထံတော်ပါးငိုကြွေးလျက်ရင်ဖွင့်ဆုတောင်းပါတယ်။
၂။သမ္မာကျမ်းစာထဲရှိဘုရားသခင်မိန့်မှာထားမှုများမှ အားပေးထားမှုများကိုပြန်လည်ဖတ်ရှုဆင်ခြင်ပါတယ်။
၃။ဓမ္မဆရာ၊မများထံဆုံးရှုံးနာကျင်မှုတွေကိုဖွင့်ဟာလျက်အကြံပေးလာမှုများကိုလိုက်နာလုပ်ဆောင်ပါတယ်။
၄။ဓမ္မသီချင်းများကို ဖွင့်ဆိုနားထောင်ပါတယ်။ စသည်ဖြင့်အချက်များအတိုင်း ရင်ဆိုင်ဖြတ်သန်းပါတယ်။ အချိန်တခုရောက်သောအခါ အားလုံးကို
ဖြတ်ကျော်နိုင်ပါတယ်။
ဆက်လက်ဝေမျှပေးချင်ပါတယ်။ ဆက်လက်လေ့လာရအောင်။
