ယေရှုဘုရားက လူသားတို့၏ ဆုံးဖြတ်ချက်များကို မှန်ကန်စွာ ချမှတ်နိုင်ဖို့ ကူညီပေးတော်မူပါတယ်။


ဘာလို့ဆို လူသားများကို ယေရှုဘုရားက ဖန်ဆင်းထားလို့ပါ။ အသက်ရှင်နေသော ဘုရား ဖြစ်နေခြင်းကြောင့်ပါ။ သူကလူသားတွေကို ချစ်တယ်။ ခက်ခဲသောအခြေအနေတွေကို ကောင်းမွန်စွာ ဖြတ်ကျော်နိုင်ဖို့ ဆုံးဖြတ်ချက်တွေ မှန်ကန်စွာ ချမှတ်နိုင်ဖို့ ကူညီပေးတော်မူပါတယ်။


ဘ၀ရဲ့ပြဿနာများကို အောင်မြင်စွာဖြေရှင်းနိုင်ဖို့ ဆုံးဖြတ်ချက်အမှားတွေကို မချမိစေဖို့ လမ်းပြကူညီပေးတော်မူပါတယ်။


နည်းလမ်းများစွာဖြင့် ဖေါ်ပြကူညီပေးနိုင်ပါတယ်။ သူနဲ့သွားလာတဲ့သူ၊ သူ့နဲ့တိုင်ပင်လျက် ဖြတ်သန်းတဲ့သူတွေရဲ့ဘ၀ဟာ အောင်မြင်စွာနဲ့ ဖြတ်ကျော်နိုင်ကြတယ်။ လူသားတွေရဲ့ ဉာဏ်ပညာတွေက အကန့်အသတ်သာဖြစ်ပြီး ယေရှုဘုရားကတော့ အကန့်အသတ်မဲ့ တန်ခိုးရှင်ဖြစ်တော်မူပါတယ်။


သူ့ကို တိုင်ပင်နိုင်တယ်။ သူ့ထံမှနည်းနာခံယူနိုင်တယ်။ သူမဖြေရှင်းနိုင်တဲ့အရာကိစ္စဆိုတာ မရှိပါ။ သူနဲ့အတူဖြတ်သန်း၊ တိုင်ပင်တဲ့သူရဲ့ဘ၀ဟာ အောင်မြင်ခြင်းနှင့်သာအဆုံးသတ်ရမှာဖြစ်ပါတယ်။


ယေရှုဘုရားနဲ့ဆက်သွယ်လိုပါသလားနော်။

ဆက်လက်လေ့လာမည်