ယေရှုဘုရားသည် စာဖတ်သူကို သိပါတယ်။


စာဖတ်သူအနားမှာ သူရှိနေပါတယ်။ စာဖတ်သူ ဆုတောင်းတင်ပြလာမှုကိုလည်း ကြားချင်နေပါတယ်။ ဒါကြောင့် မိမိတင်ပြလိုတဲ့အချက်တွေကို တင်ပြဆုတောင်းနိုင်ပါတယ်။ အောက်ပါဆုတောင်းချက်လိုမျိုး ဆုတောင်းနိုင်ပါတယ်။


"အသက်ရှင်တော်မူသော ယေရှုဘုရား။ ယေရှုဘုရားက လူသားများကို ဖန်ဆင်းတယ်။ ချစ်တယ်။ မေတ္တာထားတယ် ဆိုတဲ့အကြောင်းကို ကြားသိရပါတယ်။



ဆုံးဖြတ်ချက်တွေကို မှန်ကန်စွာ ချမှတ်နိုင်ဖို့ ကူညီပေးနေတယ်ဆိုတဲ့အကြောင်းကို ကြားသိရပါတယ်။ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်တွေကို မှန်ကန်စွာ ချမှတ်နိုင်ဖို့ ကူညီပေးတော်မူပါ။ ယုံကြည်စွာဖြင့် ဆုတောင်းလိုက်ပါတယ်။ အာမင်"


ဆက်လက်ပြီး ကျွန်တော်တို့နဲ့ဆက်လက်စကားပြောနိုင်ဖို့ ဖိတ်ခေါ်ပါတယ်နော်။