ဒီနေရာကိုရောက်လာခြင်းအတွက်ကြိုဆိုပါတယ်။ ကျွန်တော်ကခရစ်ယာန်တစ်ဦးပါ။


ခရစ်ယာန်တို့သည်လည်း လူသားများဖြစ်နေတော့ ဘ၀ခရီးလမ်းတွေကို ဖြတ်သန်းတဲ့အခါတွေမှာ ဆုံးဖြတ်ချက်တွေကို မှန်ကန်စွာချမှတ်ပြီး ဖြတ်သန်းဖို့လိုတယ်မလား။ ဆုံးဖြတ်ချက်အမှားတွေကိုချမှတ်ပြီး တဝဲဝဲလည်နေတာထက် မှန်ကန်သောဆုံးဖြတ်ချက်တွေကို ချမှတ်ပြီး ဖြတ်သန်းနိုင်ဖို့ ကျွန်တော်ကျော်လွှားဖြေရှင်းတတ်တဲ့ အချက်တွေများရှိပါတယ်။ ဒါကိုဝေမျှပေးချင်ပါတယ်။ စိတ်ဝင်စားမယ်လို့ ထင်ပါတယ်။


ဘယ်လိုအချက်တွေလည်းဆိုတော့


၁။ဘုရားသခင်ထံတိုးဝင်ဆုတောင်းပါတယ်။ ဘုရားသခင်ကို ဆုတောင်းရင်ငိုကြွေးပါတယ်။ မှန်ကန်သော ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်လျက်အောင်မြင်စွာ ဖြတ်သန်းနိုင်ဖို့။


၂။လေးစားရသောဓမ္မဆရာ၊မတွေကိုဆက်သွယ်ပြီး၊ရင်ဖွင့်လျက်၊ဆရာ၊မတို့ပေးလာသောအကြံညဏ်တွေကိုလက်ခံလျက် လိုက်နာပါတယ်။ ဆရာ၊မတို့၏ဘုရားသခင်ထံဆုတောင်းပေးမှုကိုတောင်းခံလက်ခံပါတယ်။


၃။သမ္မာကျမ်းစာကိုသစ္စာရှိစွာ ဖတ်ရှုဆင်ခြင်ပါတယ်။ ခွန်အားပေးထားသောကျမ်းချက်များကို အလွတ်ကျက်မှတ်ပါတယ်။


၄။ဘုရားသခင်အားလုံးကိုထိန်းချုပ်ထားတယ်၊ အားလုံးကိုဖြေရှင်းပေးလိမ့်မယ်။ ဆိုပြီး ယုံကြည်မှုအပြည့်ဖြင့် ဖြတ်သန်းပါတယ်။ စသည်အချက်များအတိုင်း ရင်ဆိုင်ဖြတ်သန်းပါတယ်။ အချိန်တခုရောက်သောအခါ အားလုံးကို ဖြတ်ကျော်နိုင်ပါတယ်။ ယေရှုဘုရားက ခရစ်ယာန်တွေရဲ့ ဆုတောင်းသံကိုပဲ နားညောင်းလျက် မစတဲ့ဘုရားသခင်မဟုတ်ပါ။


စာဖတ်သူနှင့်အတူအခြားသောသူများကိုပါ ကူညီမစမယ့် ယေရှုဘုရား ဖြစ်တော်မူပါတယ်။



စာဖတ်သူအတွက် အကျိုးရှိစေမယ့် အရာတချို့ကို ဝေမျှပေးသွားချင်ပါသေးတယ်။ ဆက်သွားလိုက်ရအောင်။

ဆက်လက်လေ့လာမည်