ခရစ်ယာန်မှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် ဆိုပြီး (၃)ပါးပေါင်း၁ဆူဘုရားသခင်ကို ကိုးကွယ်ပါတယ်။
၎င်း (၃)ပါးပေါင်း၁ဆူက အရာရာကို ဖန်ဆင်းတယ်၊ လူသားများကို ဖန်ဆင်းတယ်၊ ယေရှုဘုရားက လူသားများ၏ မကောင်းမှုကျူးလွန်သော အကုသိုလ်ပြစ်ကြွေးတွေကို ကယ်တင်ဖို့ လောကကို လူသားအသွင်သဏ္ဍာန်ကို ဆောင်ယူပြီး ဆင်းကြွလာတာဖြစ်တယ်။
လူသားများ၏ အပြစ်အကုသိုလ်များအတွက် မိမိရဲ့အသက်ကိုစွန့်ပြီး လက်ဝါးကားတိုင်ပေါ်မှာ အသေခံပေးသွားပါတယ်။ သင်္ဂြိုလ်ပြီး(၃)ရက်မြောက်တဲ့နေ့မှာ သေခြင်းကိုအောင်တော်မူပြီး ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ ယနေ့တိုင် ရှင်သန်နေတာဖြစ်တယ်။ ထာ၀ရလည်းရှင်သန်နေမယ့် ဘုရားသခင် ဖြစ်ပါတယ်။
သေခြင်းကို အောင်တော်မူတဲ့ ယေရှုဘုရားက လူသားများ၏ခက်ခဲမှုတွေကို ကရုမမူဘဲ ပစ်ထားသောဘုရားသခင်မဟုတ်ပါ။ အခုပြောနေတဲ့ ဆုံးဖြတ်တစ်ခုကို မှန်မှန်ကန်ကန်ချမှတ်နိုင်ပြီး ဘ၀ခရီးကို အကောင်းဆုံးအောင်မြင်စွာ ဖြတ်ကျော်နိုင်ဖို့ ကူညီပေးတော်မူပါတယ်။ ဆက်လက်သွားလိုက်ရအောင်။