သူတပါး အပြစ်ကို မစီရင်ပါနဲ့
“သင်တို့သည် အကြင်တရားအတိုင်း သူတပါးကို စီရင်ကြ၏။ ထိုတရားအတိုင်း စီရင်ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတပါးအားပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။” ရှင်မဿဲခရစ်ဝင် ၇း၂
ကျမ်းစာရဲ့ ဖော်ပြချက်မှာ ပြစ်မှုကျူးလွန်တဲ့သူတိုင်းရဲ့ အပြစ်ကို ကြည့်ရှုနေတဲ့ ယေရှုဘုရားရှိနေတယ်ဆိုတာပါပဲ။ ပြစ်မှုကျူးလွန်တဲ့သူတွေ နေ့တိုင်းသွားလာနေတာကို မြင်ရင် ကျွန်ုပ်တို့ ပိုဝမ်းနည်းနေတတ်ပါတယ်။ ဒါပေမယ့် သူတို့ကို ပြန်စီရင်မဲ့ ယေရှုဘုရားလည်း သင်နဲ့ အတူ ကြည့်ရှုနေတာကို သိရှိစေချင်ပါတယ်။
ပညာရှိကဲ့သို့ နားထောင်ခြင်း
ယေရှုဘုရားပြောထားတဲ့ သမ္မာကျမ်းစာပါ ကျမ်းချက်တွေကို လက်ခံရင် ဘာနဲ့တူလဲဆိုတာကို ယေရှုဘုရားကိုယ်တိုင် ထပ်လောင်းပြောထားပါတယ်။
“အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍ နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်” ရှင်မဿဲခရစ်ဝင် ၇း၂၄-၂၇
ယုံကြည်ချက်ရှိတဲ့ လူတစ်ယောက်ဖြစ်ခြင်း ယေရှုဘုရားရဲ့ စကားတော်အပေါ်ယုံကြည်တဲ့သူတွေဟာ ဘဝမုန်တိုင်းလာရင်လည်း ဘဝကို အရှုံးမပေးဘဲ ဆက်ရှင်သန်နိုင်တဲ့သူတွေ ဖြစ်လာကြောင်းကို ယေရှုဘုရားကိုယ်တိုင် ထပ်ပြောပါတယ်။ “မိုးဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာ တည်သောကြောင့် မပြိုမလဲနေ၏” ရှင်မဿဲခရစ်ဝင် ၇း၂၄-၂၇
မိုးဃ်း = ဒုက္ခ၊ ပြဿနာ
မကောင်းမသင့်တဲ့ အရာများ အိမ် = ဘ၀
