ဝမ်းနည်းချိန်တိုင်း ယုံယုံကြည်ကြည်နဲ့ စကားပြောလို့ ရနိုင်တဲ့ သူငယ်ချင်းကောင်းကို ပိုင်ဆိုင်ထားပြီးပြီလား။


ဒါပေမယ့် သူတို့ရဲ့ အိပ်ချိန်မှာ သင်ဖုန်းခေါ်ဆိုလို့ ရပါသလား။


မရနိုင်ဘူးဆိုရင်တော့ သင်လိုအပ်ချိန်တိုင်း သင့်ခံစားချက်ကို ထုတ်ဖော်ပြောနိုင်တဲ့ သူငယ်ချင်းကောင်း ယေရှုဘုရား ရှိတာကို ထပ်ပြီး သတင်းကောင်း ပါးအပ်ပါတယ်။


သင့်စိတ်ကနေ လွတ်လပ်စွာ ယေရှုဘုရားကို ပြောပြနိုင်ပါတယ်။ အဲဒါကို ဆုတောင်းခြင်းလို့လည်း ခေါ်ဆိုပါတယ်။


လက်အုပ်ချီပြီး ဆုတောင်းချက်ကို လိုက်ရွတ်ဆိုနိုင်ပါတယ်။ ပြဿနာဖြစ်တိုင်း ဒီဆုတောင်းချက်ကိုပဲ ရွတ်ရမှာလား ဆိုရင်တော့ မဟုတ်ပါဘူး သင်ခံစားတဲ့အရာတွေကို ဖြည့်စွက်ပြီး လွတ်လပ်စွာ ဆုတောင်းနိုင်ပါတယ်။


ဆုတောင်းချက် - "ယေရှုဘုရား ကျွန်တော်၊မ၊သမီး၊သား ကို ကူညီမစပေးတော်မူပါ။ တရားမှုတွေကို နေ့တိုင်း ကျူးလွန်နေတဲ့သူတွေကို အပြစ်စီရင်နိုင်မယ့်လူကို ရှာရင်း မောပန်းလှပါပြီ။ စိတ်လည်း မောပန်းသလို၊ ခန္ဓာကိုယ်လည်း နွမ်းလျနေပါပြီ။ မိဘ၊ မောင်နှမတွေလည်း ထိုအတူ ခံစားနေကြရပါတယ်။


ယေရှုဘုရားရဲ့ တန်ခိုးတော်အကြောင်းကို အနည်းငယ်ဖတ်ရှုလိုက်ရတဲ့အချိန်ကစပြီး ပိုပြီး သိချင်လာပါတယ်။ လက်တွေ့ဘဝမှာ မြင်ဖူးချင်ပါတယ်။ ကျွန်ုပ်တို့ဘဝထဲကို ယေရှုဘုရားဝင်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။ ယေရှုဘုရားရဲ့ ချစ်လှစွာသော သမီး၊သားမှ ဆုတောင်းလိုက်ရပါတယ်။ အာမင်။"


ကျမ်းစာအုပ်ထဲမှာပါရှိတဲ့ ကျမ်းချက်တွေကို ဆက်လက်ပြီး ဖတ်ရှုချင်တဲ့အပြင် ယေရှုဘုရားအကြောင်းကိုလည်း ပိုပြီသိရှိချင်တယ်ဆိုရင်တော့ ကျွန်ုပ်တို့နဲ့ ဆက်သွယ်နိုင်ပါပြီ။