ခါးသီးတဲ့စိတ်ကတော့ အဆိပ်ကို မြိုချထားတာနဲ့ တူတယ်ဆိုတဲ့ ဆိုရိုးကို ရှေ့မှာ လေ့လာခဲ့ပြီးပြီဆိုတော့ သမ္မာကျမ်းစာထဲမှာ ပြောထားတာလေးကိုလည်း လေ့လာကြည့်လိုက်ရင် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိသွားမှာ ဖြစ်ပါတယ်။


ခါးသီးတဲ့ခံစားမှုကိုသာ အာရုံစိုက်နေပြီး ကျွန်ုပ်တို့ကိုယ်တိုင် ရန်တူကို ပြန်မတုံ့ပြန်နိုင်တဲ့အချိန်မှာ စိတ်ဓာတ်ကျလာမယ်၊ ဒေါသတွေပိုထွက်လာမယ် အစရှိတဲ့ စိတ်ခံစားမှုတွေက ပိုပိုပြီး ပြင်းထန်လာဖို့သာ ပိုရှိလာပါတယ်။


ဟုတ်ပါပြီ ခါးသီးတာတွေ မလုပ်တော့ဘူး ဒေါသလည်း မထွက်တော့ဘူး ပုံမှန်အတိုင်းကြိုးစားနေတော့မယ် ဒါပေမယ့် ဘယ်သူက ကူညီပေးနိုင်မလဲလို့ တွေးမိနေပါလိမ့်မယ်။



ကူညီနိုင်တဲ့သူနဲ့ သင့်ဘက်ကနေ လုပ်ဆောင်နိုင်မယ့်အချက်တွေကို လေ့လာဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ဆက်လက်လေ့လာမည်