တိုက်ပွဲမဝင်မှီ ကိုယ်ခန္ဓာ ကြံ့ခိုင်ဖို့ လေ့ကျင့်ခန်းပေါင်းများစွာ သကဲ့သို့ ကျွန်ုပ်တို့လည်း ရန်သူတို့နဲ့ ရင်ဆိုင်ဖို့အတွက် အရင်ဆုံး စိတ်ဓာတ်ဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
ဆရာ Joel Osteen ပြောဖူးပါတယ် “ဘယ်လိုအရာတွေ ကြုံနေပါစေ ရှေ့ဆက်လျှောက်မယ်ဆိုတဲ့ သတ္တိရှိဖို့ ဆုံးဖြတ်ချက်ကို သင်ကိုယ်တိုင် ချမှတ်ရတာ ဖြစ်ပါတယ်။..”
ထပ်ပြီး ဆရာ ပြောထားတာကတော့ “လွန်ခဲ့တဲ့ အနှစ် (၄၀) မှာ အဆင်ပြေခဲ့တဲ့ နည်းလမ်းတွေက ဒီနေ့အတွက်တော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး”
ကျွန်ုပ်တို့လည်း ကြုံဖူးမှာပါ အချိန်အခါအလျောက် အသုံးဝင်မှု မဝင်မှုဆိုတဲ့အပြင် တခါတလေ နိုင်ငံပေါ်မူတည်ပြီး၊ ရေမြေပေါ်မူတည်ပြီး ကွဲပြားမှုတွေလည်း ရှိနိုင်တော့ ကြားဖူးတဲ့ နည်းလမ်းတိုင်းကို ကျွန်ုပ်တို့ ဘဝမှာ အသုံးပြုဖို့ မဟုတ်ပါဘူးဆိုတာလေးကို ပြန်သတိပေးတဲ့ သဘောပါ။
အချိန်အခါ၊ နေရာ ဒေသ ကွဲပြားမှုပေါ် စိုးရိမ်စရာမလိုတဲ့ နည်းလမ်းကောင်းများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။