ဘ၀ခရီးလမ်းများလျှောက်လှမ်းကြရတွင် ခံနိုင်ရည်ခွန်အား လိုအပ်ပါသည်။
တစ်ချို့များသည် အရှုံးပေးလိုက်ကြပြီး ဘ၀လမ်းခရိးလျှောက်လှမ်းမှုကို အဆုံးသတ်လိုက်တတ်ကြသည်။
တချို့များသည်တော့ ဆက်လက်ပြီး ရှိနေသောခံနိုင်ရည်အားဖြင့် ဖြတ်လျှောက်ကြသည်။
ဘ၀လမ်းခရီးကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ ယေရှုဘုရားက ကူညီပေးနေပါတယ်။ ယေရှုဘုရားက လူသားများကို ဖန်ဆင်းတဲ့ ဘုရားသခင်ပါ။ လူသားများရဲ့ မကောင်းမှုကျူးလွန်တဲ့ အပြစ်အကုသိုလ်တွေကို ကိုယ်စားဆေးကြောပေးဖို့ လောကကိုလူသားအသွင်သဏ္ဍာန်ကိုဆောင်ပြီး ကြွဆင်းလာတာဖြစ်ပါတယ်။ သူရဲ့အသက်ကို စတေးခံပြီး လက်ဝါးကားတိုင်ပေါ်မှာ အသေခံပေးသွားခဲ့တာဖြစ်တယ်။ သင်္ဂြိုလ်ပြီး(၃)ရက်မြောက်တဲ့နေ့မှာ သေခြင်းကိုအောင်တော်မူပြီး အသက်ပြန်ရှင်ပြန်ထမြောက်ခဲ့တာ ယနေ့တိုင်ဖြစ်ပါတယ်။ ယေရှုဘုရာက လူသားတွေကို အစဉ်ကရုစိုတ်ပေးတော်မူတဲ့ဘုရားသခင်ပါ။
ဘာလို့ဆို လူသားကို သိပ်ချစ်လွန်းလို့ပါ။ လူသားတွေကို သိပ်ချစ်တဲ့ယေရှုဘုရားက စာဖတ်သူကိုလည်း ချစ်တော်မူတာဖြစ်တယ်။
စာဖတ်သူကိုရော၊ ကျွန်တော်ကိုရော၊ ဒါ့အပြင် လူသားတိုင်းကိုရောချစ်တာမလို့ လူသားတွေလိုအပ်နေတဲ့ အကူအညီတွေကို မစပေးနေတာဖြစ်တယ်။ သူအကုန်တတ်နိုင်တယ်။ ကူညီပေးနိုင်တယ်။ လောကဒါဏ်ကြောင့် ခံနိုင်ရည်ခွန်အား ကုန်ခမ်းလုမတတ်ဖြစ်နေခြင်းတွေ၊ ကုန်ဆုံးနေခြင်းတွေကို မစကူညီပေးပါတယ်။
ဆက်လက်လေ့လာကြရအောင်ဗျာ။ ဖိတ်ခေါ်ပါတယ်။