ဒီနေရာကိုရောက်လာခြင်းအတွက်ကြိုဆိုပါတယ်။
ကျွန်တော်ကခရစ်ယာန်တစ်ဦးပါ။ ခရစ်ယာန်တို့သည်လည်း လူသားများဖြစ်နေတော့ ဘ၀ခရီးလမ်းတွေကို ဖြတ်သန်းတဲ့အခါတွေမှာ တခါတရံ အားအင်အပြည့်ဖြင့် ဖြတ်သန်းကြတယ်။ သို့သော် အားအင်ကုန်ခမ်းစွာနဲ့ သွားလာသောအခြေအနေတွေများလည်းရှိပါတယ်။
၎င်းကဲ့သို့သော ခံနိုင်ရည်ခွန်အား မရှိသောအခြေအနေတွေနဲ့ ဖြတ်သန်းနေရတဲ့အခြေအနေတွေမှာ ကျွန်တော်ကျော်လွှားဖြေရှင်းတတ်တဲ့ အချက်တွေများရှိပါတယ်။ ဒါကိုဝေမျှပေးချင်ပါတယ်။ စိတ်ဝင်စားမယ်လို့ ထင်ပါတယ်။
ဘယ်လိုအချက်တွေလည်းဆိုတော့
၁။ဘုရားသခင်ထံတိုးဝင်ဆုတောင်းပါတယ်။ ဘုရားသခင်ကို ဆုတောင်းရင်ငိုကြွေးပါတယ်။
၂။လေးစားရသောဓမ္မဆရာ၊မတွေကိုဆက်သွယ်ပြီး၊ရင်ဖွင့်လျက်၊ဆရာ၊မတို့ပေးလာသောအကြံညဏ်တွေကိုလက်ခံလျက် လိုက်နာပါတယ်။ ဆရာ၊မတို့၏ဘုရားသခင်ထံဆုတောင်းပေးမှုကိုတောင်းခံလက်ခံပါတယ်။
၃။အားဖြစ်စေမည့်၊ယုံကြည်စိတ်ချရသော မိတ်ဆွေ၊သူငယ်ချင်းများထံ ရင်ဆိုင်နေရသောအခြေအနေတွေကနေကျော်လွှားနိုင်ဖို့ ခံနိုင်ရည်ခွန်အားရှိစေဖို့ ဘုရားသခင်ထံဆုတောင်းပေးဖို့မေတ္တာရပ်ခံပါတယ်။
၄။ဘုရားသခင်အားလုံးကိုထိန်းချုပ်ထားတယ်၊ အားလုံးကိုဖြေရှင်းပေးလိမ့်မယ်။ ဆိုပြီး ယုံကြည်မှုအပြည့်ဖြင့် ဖြတ်သန်းပါတယ်။ စသည်အချက်များအတိုင်း ရင်ဆိုင်ဖြတ်သန်းပါတယ်။ အချိန်တခုရောက်သောအခါ အားလုံးကို ဖြတ်ကျော်နိုင်ပါတယ်။
ဆက်လက်ဝေမျှပေးချင်ပါတယ်။ ဆက်လက်လေ့လာရအောင်။
