ဒါကြောင့်မို့ တခါတလေမှာ ကျွန်ုပ်တို့ကိုယ်တိုင် စဉ်းစားတွေးခေါ်မှုနဲ့ လုပ်ဆောင်မှုတို့ကို ပြောင်းလဲသင့်တဲ့ချိန်မှာ ပြောင်းလဲဖို့ အရမ်းကို လိုအပ်ပါတယ်။
ကျွန်ုပ်တို့တစ်ဦးချင်းစီမှာ ကိုယ်ပိုင်လုပ်နိုင်စွမ်းနဲ့ တန်ဖိုးတွေ ရှိကြပါတယ်။
အတွေ့အကြုံတွေထဲကနေ ပြန်လည် ရှင်းပြပေးတဲ့ C.S Lewis ဆိုတဲ့ ဆရာတစ်ပါးက ဒီလိုပြောဖူးပါတယ်။
“သင့်ကိုယ်သင် အိမ်တစ်အိမ်လို့ သတ်မှတ်ကြည့်ရအောင်။ ယေရှုဘုရားက သင့်ရဲ့ အိမ်လေးကို ပြန်ပြုပြင်ဖို့ လာမယ်။ ပထမဦးဆုံးအနေနဲ့ ပျက်စီးနေတဲ့ ရေပိုက်တွေကို အရင်ပြုပြင်ပေးပြီး ပေါက်နေတဲ့ ခေါင်မိုးတွေကို ပြုပြင်ပေးမယ်။ ဒီလိုပုံစံနဲ့ ယေရှုဘုရားက သင့်ကို ပြုပြင်ပေးမယ်လို့ ယူဆထားမှာ သေချာပါတယ်။ ဒါပေမယ့် သင်ထင်ထားသလိုမဟုတ်ဘဲ အိမ်တံခါးကို ခေါက်ယုံပဲဖြစ်တော့ သင်စိတ်မကောင်းဖြစ်မိမယ်။
သင်မျှော်လင့်ထားတဲ့ အိမ်ဆောက်နည်းနဲ့ ကွာခြားနေပြီး သင့်ကို နှစ်ထပ်အိမ်သေးသေးလေး ဆောက်မယ်ခဲ့မယ်လို့ ထင်ယူဆထားနိုင်ပါတယ်။ ဒါပေမယ့် ယေရှုဘုရားကတော့ သင်မထင်ထားတဲ့ပုံစံနဲ့ကွာခြားလှပြီး သင့်ကို နန်းတော်အကြီးကြီးဖြစ်ဖို့ တည်ဆောက်နေတာ ဖြစ်ပါတယ်။”
သင်လည်း အများသူတွေအတွက် နားခိုရာ၊ အားကိုးရာလေး ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
