ရှေ့မှာလေ့လာခဲ့တဲ့အရာတွေအပြင် သင့်အတွက်ရော၊ သင့်မိသားစုတို့အတွက်ပါ ဖြစ်စေချင်တဲ့အရာတွေ ရှိနေနိုင်ပါတယ်။


ဒါတွေအားလုံးကို ဆုတောင်းချက်အနေနဲ့ ယေရှုဘုရားဆီ တင်ပြလို့ ရတယ်ဆိုတာလေးကို သတင်းကောင်းအနေနဲ့ ပြောပြချင်ပါတယ်။ ဆုတောင်းတယ်ဆိုတာကတော့ ရိုးရှင်းပါတယ် တိတ်ဆိတ်နေတဲ့ အခန်းလေး (သို့မဟုတ်) နေရာတစ်ခုကို ရွေးပြီး သွားပါ။ လက်အုပ်ချီလိုက်ပါ။ ပြီးရင် ခုဖော်ပြမယ့် ဆုတောင်းချက်လေးကို လိုက်ရွတ်ဆိုလိုက်ပါ။ 

ဆုတောင်းချက် - “ယေရှုဘုရား ကျွန်တော်၊မ၊သား၊သမီးကို ကယ်မတော်မူပါ။ ကိုယ့်ကိုကိုယ်လည်း အားမရသလို၊ အခြားသူတွေ နာကျင်နေတာတွေ့ရင် အရမ်းဝမ်းနည်းလှပါတယ်။ ကျွန်ုပ်လုပ်ရမယ့်အရာတွေကို ဖော်ပြပေးတော်မူပါ။ အန္တရာယ်နဲ့လည်း ကင်းဝေးဖို့ ယေရှုဘုရားရဲ့ တန်ခိုးတော်နဲ့ လွှမ်းခြုံပေးတော်မူပါ။ နိုင်ငံ၊မိသားစု၊ဘေးပတ်ဝန်းကျင်၊ဆွေမျိုးအသိုင်းအဝိုင်း၊သူငယ်ချင်းများ အားလုံးအတွက်လည်း ဆုတောင်းပေးချင်ပါတယ်။


သူတို့ရင်ဆိုင်နေရတဲ့ ငွေရေးကြေးရေး၊ ကျန်းမာရေး၊ လုံခြုံရေး အစရှိတဲ့ အရာတွေမှာ အာမခံပေးနိုင်တဲ့ ယေရှုဘုရား ကျေးဇူးပြုပြီး ကူညီမစပေးတော်မူပါ။ မြင့်မြတ်လှတဲ့ ယေရှုဘုရားနာမတော်ဖြင့် ရိုသေလေးမြတ်စွာ ဆုတောင်းဆပ်ကပ်အပ်နှံပါ၏။ အာမင်”


ဆက်လက်ဆွေးနွေးချင်တာမျိုး (သို့မဟုတ်) ကျမ်းစာနဲ့ဆိုင်ပြီး ထပ်သိရှိချင်တယ်ဆိုရင်တော့ ကျွန်ုပ်တို့နဲ့ ဆက်သွယ်နိုင်ပါပြီ။