“မတရားသောသူတို့ အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏” သုတ္တံကျမ်း ၂၉း၂


ထိုကျမ်းစာပါအချက်သည် ကျွန်ုပ်တို့ ကြုံတွေ့နေရတဲ့အရာကို မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်။ ထပ်ပြီး လေ့လာသင်ယူနိုင်ဖို့ အချက်လေးတွေနဲ့ ဖော်ပြချင်ပါတယ်။


လူလူချင်း ရှုမြင်ပုံ

“တရားသောသူသည် မတရားသောသူကို၎င်း၊ မတရားသောသူသည် တရားသဖြင့်ကျင့်သောသူကိုလည်းကောင်း၊ စက်ဆုပ်ရွံရှာတတ်၏” သုတ္တံကျမ်း ၂၉း၂၇ ကျမ်းစာရဲ့ ဖော်ပြချက်အရ ကျွန်ုပ်တို့ကို ရန်သူတွေမြင်တဲ့အမြင်ကို ရှင်းလင်းစွာ သိရှိပါပြီလို့ ယူဆပါတယ်။


ဒေါသစိတ်ကို လျှော့ချပါ

“စိတ်ဆိုးတတ်သောသူသည် ခိုက်ရန်အမှုကို နှိုးဆော်တတ်၏။ ဒေါသကြီးသော သူသည်လည်း လွန်ကျူးခြင်းများတတ်၏” သုတ္တံကျမ်း ၂၉း၂၂

ဆက်လက်လေ့လာမည်