အကျအရှုံးများစွာကို ကြုံဖူးခဲ့ပြီး အောင်မြင်သွားခဲ့တဲ့ တောမတ်စ် အက်ဒီဆင် ပြောဖူးပါတယ်


“ကျေနပ်မှု မရှိခြင်းက အောင်မြင်မှုရဲ့ လမ်းစပါ” တောမတ်စ် အက်ဒီဆင်ပြောပြထားသလို ကျွန်ုပ်တို့လည်း အဆိုးမြင်ခြင်းထက် အကောင်းမြင်ပြီး ကျေနပ်မှု မရှိတဲ့စိတ်ကို အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ သင့်အတွက်လည်း အကျိုးရှိမယ့် အချက်အလက်များကို ဖော်ပြချင်ပါတယ်။ 

မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်း

ကျွန်ုပ်တို့ရဲ့ အားနည်းချက်နဲ့ အားသာချက်တွေကို တိကျစွာ ဖော်ပြပေးနိုင်တာကတော့ မိမိကိုယ်ကို အချိန်ပေးပြီး ပြန်လည်သုံးသပ်ခြင်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်ကို သိရှိပြီးပြီဆိုရင်၊ အားသာချက်ကိုအသုံးပြုပါ။


ဥပမာ-သင်က စကားပြောကောင်းတဲ့သူဆိုရင်၊ အလှူခံပြီး လိုအပ်တဲ့သူတွေကို ထိရောက်စွာ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါဆိုရင် သင့်ကြောင့် လူအများက ဝမ်းသာကျေနပ်ကြပါလိမ့်မယ်။


မှတ်ချက်-အချိန်အခါအလိုက်တော့ အားနည်းချက်ကို အားသာချက်ဖြစ်အောင် ကြိုးစားရတဲ့အချိန်တွေ ရှိနိုင်ပါတယ်။


အပြစ်တင်ခြင်းမှ ရပ်တန့်ခြင်း

မိဘကြောင့်၊ ဆွေမျိုးများကြောင့် ကျွန်ုပ်တို့ ပါဝင်ခွင့်မရတာလို့ ပြောဆိုနေတာများကို ရပ်တန့်ဖို့လိုအပ်ပါလိမ့်မယ်။ မိဘတို့ဆိုတာကလည်း ကျွန်ုပ်တို့ကို မွေးကင်းစအရွယ်ကနေ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခဲ့တာမို့ ကျွန်ုပ်တို့အပေါ်ထားတဲ့ သူတို့ရဲ့ စိုးရိမ်မှုတွေကို နားလည်ပေးဖို့ လိုအပ်ပါတယ်။


“သင် ကျွန်ုပ်ကို အပြစ်မတင်ခင်၊ အပြစ်မရှာမှီ ကျွန်ုပ်ရဲ့ နေရာကနေ ဝင်ပြီး ခံစားကြည့်ပါ” Elvis Presley ဆိုတဲ့သူက ဆိုထားပါတယ်။ သူတို့နဲ့ အရင်ဦးဆုံး တိုင်ပင်ပါ။ ကျွန်ုပ်တို့အရွယ်အလိုက် ပါဝင်နိုင်တဲ့အရာ တစ်ခုပြီးတစ်ခုကို ထုတ်ဖော်ကြပြီး ဆွေးနွေးမှုတွေ ပြုလုပ်ပါ။ ဒါဆိုရင် နှစ်ဦးနှစ်ဖက် ဒေါသဖြစ်စရာ၊ မကျေနပ်စရာ ပြဿနာများကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ 


ဆက်လက်လေ့လာမည်