အပြစ်၊အကုသိုလ်ဆိုတာ ပျော်စရာတပုံကြီးလို ထင်ရပေမယ့် အဆုံးမှာတော့ ဆိုးကျိုးရလဒ်တွေနဲ့ လူကိုထိခိုက်စေပါတယ်။ သင့်ကို ထိခိုက်စေနိုင်သလို အခြားသူတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။
ဘယ်သူ့ကိုမှ မထိခိုက်စေရင်တောင်၊ အပြစ်အကုသိုလ်က လူကို ဘုရားနဲ့ကင်းကွာစေပါတယ်။
ဘုရားက သင့်ကိုချစ်မြတ်နိုးလွန်းလို့ ဖန်ဆင်းခဲ့တာဖြစ်တယ်။ ဒါကြောင့် ဘယ်လိုအရာကမှ သင့်ကို သူနဲ့ဝေးကွာသွားစေမှာမျိုးကို သူလက်မခံနိုင်ပါဘူး။
အပြစ်၊အကုသိုလ်ကို ဆေးကြောရှင်းလင်းပစ်နိုင်တဲ့တစ်ခုတည်းသောနည်းလမ်းက ခွင့်လွှတ်ခြင်းပဲ ဖြစ်ပါတယ်။ အပြစ်အကုသိုလ်မှန်သမျှကို ခွင့်လွှတ်ပေးနိုင်စွမ်းရှိသူကလည်း အပြစ်၊အကုသိုလ်နဲ့ကင်းစင်သူသာ ဖြစ်ပါတယ်။ သူကတော့ ယေရှုဘုရား ပါပဲ။
ယေရှုဘုရားဟာ ကျွန်တော်တို့ခံရမယ့် အပြစ်၊အကုသိုလ်ကြွေးတွေအားလုံးကို လက်ဝါးကားတိုင်မှာခံယူရင်း အသေခံခဲ့ပါတယ်။ သို့ပေမယ့် သုံးရက်မြောက်တဲ့နေ့မှာ သေခြင်းမှရှင်ပြန်ထမြောက်ခဲ့ပြီး၊ အပြစ်အကုသိုလ်နဲ့သေခြင်းကို ထာ၀ရအနိုင်ယူခဲ့ပါတယ်။ အပြစ်အကုသိုလ်တွေကနေ ခွင့်လွှတ်ခြင်းကိုခံစားရဖို့ဆိုရင် သင်ဟာ ယေရှုဘုရားကို သိရှိဖို့လိုပါတယ်။
သင့်အတွက် ယေရှုဘုရားလုပ်ပေးခဲ့သမျှကို ကျေးဇူးတင်စွာ သင်လက်ခံတယ်ဆိုရင်၊ သင့်ဘ၀မှာဖြစ်ပျက်ခဲ့တဲ့အဆိုးရွားဆုံးသောအရာတွေကိုတောင် ခွင့်လွှတ်ပေးနိုင်စွမ်းကို သင်ရရှိလာပါလိမ့်မယ်။
သင်ကိုယ်တိုင် ပြစ်မှားမိခဲ့တဲ့ အပြစ်နဲ့အကုသိုလ်တွေကနေလည်း ခွင့်လွှတ်ခြင်းကို သင်ခံစားရမှာ ဖြစ်ပါတယ်။
ဒီလိုအကျိုးဖြစ်လာဖို့အတွက် သင်လုပ်ရမယ့်ရိုးရှင်းတဲ့အရာကတော့ ယေရှုဘုရားကို စကားပြောခြင်းနဲ့ သူရဲ့နောက်တော်ကိုလိုက်လိုကြောင်း ဖော်ပြခြင်းပဲ ဖြစ်ပါတယ်။ သင့်မှာ အဲသလိုလုပ်ဆောင်လိုတဲ့ စိတ်ဆန္ဒရှိပါသလား။
