အရမ်းကောင်းပါတယ်။ အောက်မှာရေးထားတဲ့စာကို အသံထွက်ဖတ်ရင်း ယေရှုဘုရားဆီက ခွင့်လွှတ်ခြင်းကိုတောင်းခံကာ သူ့နောက်တော်ကိုလိုက်လိုကြောင်း ယေရှုဘုရားထံ ဆုတောင်းပြောဆိုနိုင်ပါပြီ။


"ယေရှုဘုရား ကျွန်တော့်/ကျွန်မကို ဖန်ဆင်းပေးခဲ့လို့ ကျေးဇူးတင်ပါ၏။

ကျွန်တော့်/ကျွန်မအတွက် အသေခံပြီး သေခြင်းက ရှင်ပြန်ထမြောက်ကာ၊ အပြစ်နဲ့သေခြင်းကို အနိုင်ယူခဲ့လို့ ကျေးဇူးတင်ပါတယ်၏။

ယေရှုဘုရားနောက်သို့ ကျွန်တော်/ကျွန်မ လိုက်လိုပါ၏။

ယေရှုဘုရားထံမှာ အဝေးသို့ထွက်သွားခဲ့မိခြင်းအတွက် ခွင့်လွှတ်တော်မူပါ။

သိလျက်နဲ့ ကျွန်တော်/ကျွန်မ ပြစ်မှားခဲ့မိသမျှကိုလည်း ခွင့်လွှတ်ပေးတော်မူပါ။

(အချိန်အနည်းငယ်လောက်ယူပြီး သင်စိတ်ထဲမှာပေါ်လာတဲ့ ပြစ်မှားမိခဲ့တာတွေအတွက် တောင်းပန်ပါ)

ကျွန်တော့်/ကျွန်မရဲ့ဘ၀ကို ယေရှုဘုရားထံပေးအပ်ပြီး၊ ကိုယ်တော့်နောက်တော်သို့ ကျွန်တော်/ကျွန်မလိုက်လျှောက်လိုပါ၏။

ကျွန်တော့်/ကျွန်မရဲ့စိတ်၊ အလိုဆန္ဒနဲ့ ခံစားချက်များကိုလည်း ပေးအပ်ပါ၏။

ယေရှုဘုရားပေးအပ်မယ့် လူသစ်၊ဘ၀သစ်ကို ကျွန်တော်/ကျွန်မ ယခုရရှိလိုပါ၏။

ကိုယ်တော့်ရဲ့လမ်းတော်ကို ညွှန်ပြသွန်သင်ပေးတော်မူပါ။

အာမင်"


ဒီဆုတောင်းချက်ကို သင်ဆုတောင်းခဲ့ပါသလား