ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကိုဖျက်ဆီးပစ်တဲ့အရာမှန်သမျှကို အပြစ်အကုသိုလ်လို့ ဆိုနိုင်ပါတယ်။ သင့်ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတွေကို တွေးကြည့်ကြည့်ပါ။


မပြေလည်တဲ့ ဆက်ဆံရေးပေါင်းများစွာကို သင်မြင်ယောင်မိလိမ့်မယ်လို့ ကျွန်တော်အတပ်ပြောနိုင်ပါတယ်။


မပြေလည်တဲ့ဆက်ဆံရေးတွေရဲ့ အဓိကအကြောင်းအရင်းကိုချုပ်လိုက်ရင် ငြင်းပယ်ခြင်းနှင့် ဆန့်ကျင်ခြင်းဆိုတဲ့ အချက်နှစ်ခုနဲ့ ချုပ်လို့ရနိုင်ပါတယ်။



သင်ဟာ လူတွေနဲ့ဖြစ်စေ၊ သို့မဟုတ် ဘုရားနဲ့ဖြစ်စေ၊ သို့မဟုတ် စနစ်တွေနဲ့ဖြစ်စေ ဆန့်ကျင်နေတာမျိုး (သို့မဟုတ်) ငြင်းပယ်နေတာမျိုး ဖြစ်နိုင်တယ်။


ဒါမှမဟုတ် အဲဒါနဲ့ဆန့်ကျင်ဘက်အခြေအနေဖြစ်တဲ့ အခြားသူတွေက သင့်အပေါ် ထပ်တူလုပ်ဆောင်နေတာ ဖြစ်နိုင်တယ်။ အကြောင်းကတော့ လူတိုင်းဟာ အပြစ်၊အကုသိုလ်ကို ကျူးလွန်မိနေကြလို့ပဲ ဖြစ်ပါတယ်။