"အဓမ္မမှုပြဿနာ"


သမ္မာကျမ်းစာတော်မြတ်ထဲမှာ မိမိစိုတ်သည့်အတိုင်း မိမိရိတ်ရမယ် လို့ ဖေါ်ပြမိန့်ထားပါတယ်။


သဘောက မိမိလုပ်တဲ့အတိုင်း မိမိခံရမယ် ပေါ့။


မကောင်းမှုကြီး၊အဓမ္မမှုကြီး ကျူးလွန်တဲ့သူပဲဖြစ်ဖြစ်၊အကုသိုလ်သေးသေးလေးလို့ ထင်မှတ်တဲ့မကောင်းမှုတွေလုပ်တဲ့သူပဲဖြစ်ဖြစ် လုပ်တဲ့သူအားလုံးဟာ

မိမိလုပ်ခဲ့တဲ့အတိုင်း မိမိခံရမှာပါ။ လောကဥပဒေရဲ့ပြစ်မှုတိုင်းမှာ ခံရမယ့်ပြစ်ဒါဏ်ရှိကြတာကို အားလုံးအသိပဲ ဖြစ်ပါတယ်။ ဥပမာခိုးမှုကျူးလွန်ရင်ခိုးမှုနဲ့ဆိုင်တဲ့ပြစ်ဒဏ်ကိုခံရမှာပါ။


သမ္မာကျမ်းစာမှာတော့ အပြစ်အကုသိုလ်ကျူးလွန်တဲ့သူတွေဟာ သေရမယ်လို့ ဖေါ်ပြထားပါတယ်။သေရမယ်ဆိုတဲ့အဓိပ္ပါယ်က အပယ်ငရဲကိုလားရမယ်။အပယ်ငရဲမှာ ထာ၀ရနေသွားရမယ်လို့ ဖြစ်ပါတယ်။အပယ်ငရဲကို မလားချင်ဘူး၊ အကုသိုလ်ဝဋ်ကြွေးတွေကနေလည်းလွတ်ကင်းချင်တယ်ဆိုရင် သူနဲ့ဆိုင်တဲ့ပြစ်ဒါဏ်ကိုတော့ပေးဆပ်ရမှာပါ။


သမ္မာကျမ်းစာမှာအပြစ်ဒါဏ်တွေကို ကျေစေမယ့်နည်းလမ်းတခုကို ဖေါ်ပြပေးထားပါတယ်။ ဒါကတေ့ာလူ့အပြစ်ကိုဖြေတဲ့အရာက"အသွေး"လို့ဖေါ်ပြထားပါတယ်။


ဘာအသွေးလဲ ? အဲ့အသွေးကဘယ်ကရမှာလဲ ? ပြီးတော့အဲ့အသွေးကကောဘယ်လောက်ထိအားမခံနိုင်လဲ ?

ဘုရားသခင်က လူတွေကိုချစ်လို့ ဒါတွေအားလုံးကို ဖြေရှင်းပေးသွားခဲ့ပါတယ်။ဘာလို့ဆို အပြစ်အကုသိုလ်သားလူသားတွေက ၎င်းနည်းလမ်းကို မလုပ်ဆောင်နိုင်ခြင်းကြောင့်ပါပဲ။

ဆက်လက်လေ့လာမည်