"အဓမ္မမှုပြဿနာ"


လူသားက မိမိအကုသိုလ်ပြစ်ကြွေးတွေကို မိမိဘာသာမိမိ ဘာလို့ဖြေရှင်းလို့မရနိုင်တာလဲ ?


အကြောင်းကတော့ အပြစ်သားက ဘယ်တုန်းက မိမိကိုယ်ကိုကယ်တင်ပေးနိုင်ခဲ့လို့လဲ။ ဘုရားသခင်ဖြေရှင်းပေးတဲ့နည်းလမ်းကတော့ လူသားတွေအပြစ်ကိုကြေစေမယ့်လိုနေတဲ့အသွေးကို ဘုရားသခင်က သူ့ရဲ့တစ်ပါးတည်းသောသားတော်ယေရှုဘုရားကို လောကကိုစေလွှတ်ပြီး လူသားများရဲ့အပြစ်ကို ဆေးကြောပေးဖို့ရန်အတွက် သန့်ရှင်းတဲ့ယေရှုဘုရားရဲ့အသွေးကို ပေစေခဲ့ပါတယ်။ ယေရှုဘုရား အသေခံပေးသွားခဲ့ပါတယ်။ အသွေး၊အသက်ကိုပေးခဲ့တာဖြစ်ပါတယ်။သေပြီး သင်္ချိုင်းမှာ သဂြိုလ်ခြင်းခံခဲ့ပါတယ်။ဒါပေမယ့်သဂြိုလ်ပြီး(၃)ရက်မြောက်တဲ့နေ့မှာ ယေရှုဘုရားဟာ သေခြင်းကို အောင်တော်မူခဲ့ပြီး ရှင်ပြန်ထမြောက်ခဲ့ပါတယ်။


လူသားများအပြစ်ဆေးကြောပေးဖို့ သန့်ရှင်းတဲ့ယေရှုဘုရားရဲ့အသွေးကို ပေးခဲ့တယ်။သူ့အသက်တော်ကို စွန့်ခဲ့တယ်။ပြန်လည်ရှင်ပြန်ထမြောက်ခဲ့တယ်။သူ့ရဲ့အပြစ်ဆေးကြောခြင်းဟာ ၁၀၀% အာမခံတာဖြစ်တယ်။။ လူဟာလောကသေခြင်းပြီးရင် နောင်ဘ၀မှာ အပယ်လုံး၀မလားရတော့ဘဲ ကောင်းကင်ဘုံမှာဘုရားသခင်နဲ့အစဉ်အတူ ရှိသွားရမှာပါ။


စာဖတ်လေ့လာသူမိတ်ဆွေအနေနဲ့ မိမိရဲ့အပြစ်အကုသိုလ်ပြစ်ကြွေးတွေကိုလည်း ကြေစေချင်တယ်။နောင်ဘ၀တွင်လည်း အပယ်မလားလိုဘူးဆိုရင်

ယေရှုဘုရားကို မိမိရဲ့အပြစ်အကုသိုလ်များကို ဖြေရှင်းကယ်တင်ပေးခဲ့သော ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံဖို့လိုပါတယ်။ မိတ်ဆွေအနေနဲ့ယေရှုဘုရားကိုကယ်တင်ရှင်အဖြစ်ယုံကြည်လိုတယ်၊ ကိုးကွယ်ဆည်းကပ်လိုတယ်ဆိုရင် ရှေ့စာမျက်နှာကိုသွားလိုက်ကြရအောင်။

ဆက်လက်လေ့လာမည်