"အဓမ္မမှုတွေ ဒီလောက်ဖြစ်ပျက်နေတာကြောင့် တန်ခိုးကြီးတဲ့ချစ်မေတ္တာရှင်ဘုရားဆိုတာ

ရှိပါ့မလား"


တကယ်တော့ ဒီမေးခွန်းဟာ နှစ်ပေါင်းရာထောင်ချီကြာမြင့်ခဲ့ပြီဖြစ်တဲ့ သမိုင်းဝင်မေးခွန်းဟောင်းတစ်ခုလို့ တောင် ဆိုနိုင်ပါတယ်။


သမ္မာကျမ်းစာထဲက လူမျိုးစုအကြီးအကဲတစ်ဦးဖြစ်တဲ့ ‘ဂိဒေါင်’ ဆိုသူကလည်း “အကယ်၍ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူရှိတော်မူသည်မှန်ပါလျှင် အဘယ်ကြောင့် ဤဘေးဆိုး သင့်ရောက်ရပါသလဲ”လို့ မေးခဲ့ဖူးပါတယ်။ အဓမ္မမှုတွေနဲ့ ပတ်သက်ပြီး ဘုရားသခင်တည်ရှိမှုကို မေးခွန်းထုတ်ခဲ့ သူတွေထဲမှာ အထင်ရှားဆုံးသူတစ်ဦးကတော့ ရှေးဂရိအတွေးအခေါ်ပညာရှင် Epicurus ပါ။ 


Epicurus က “တကယ်လို့ ဘုရားသခင်ဟာ မကောင်းမှုတွေကို တားဆီးလိုစိတ်ရှိပေမယ့်၊ မတားဆီးနိုင်ဘူးဆိုရင် သူဟာ တန်ခိုးမရှိလို့ပဲ။ တကယ်လို့ သူ့မှာ တားဆီးနိုင်စွမ်းရှိပေမယ့်၊ တားဆီးလိုစိတ်မရှိရင် လူတွေကို ဒုက္ခရောက်စေ ချင်လို့ပဲ။ တကယ်လို့ သူ့မှာ တားဆီးနိုင်စွမ်းလည်းရှိပြီး တားဆီးလိုစိတ်လည်းရှိတယ်ဆိုရင် မကောင်းမှုတွေ ဘာကြောင့်ရှိနေရသေးလဲ”ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။


ဒီနေရာမှာ Epicurus ပြောတဲ့ ဘုရားဆိုတာ သမ္မာကျမ်းလာ ဘုရားသခင်ကို ရည်ညွှန်းတယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုရင် ‘ရှေးဂရိလူမျိုးတွေဟာ မကောင်းမှု၊ အဓမ္မမှုတွေတည်ရှိခြင်းနဲ့ပတ်သက်ပြီး တွေးတော အဖြေရှာမှုပိုင်းဆိုင်ရာမှာ နပန်းလုံး၊ရုန်းကန် အဖြေရှာနေရတာမျိုး မရှိခဲ့ဘူး’လို့ ကနေဒီယန် စာရေးဆရာမ Margaret Visser က ပြောခဲ့ဖူးပါတယ်။


‘အကြောင်းကတော့ ဂရိတွေက သူတို့ရဲ့ နတ်ဘုရားတွေဟာ ထည်ဝါ ခမ်းနားရုံသာရှိပြီး စိတ်ကောင်းရှိကြသူတွေ မဟုတ်ဘူးလို့ ယူဆထားကြတယ်’လို့ ဆိုပါတယ်။ ဒါပေမယ့် ခရစ်ယာန်တွေပြောတဲ့ သမ္မာကျမ်းလာ ဘုရားသခင်ကတော့ စိတ်သဘောကောင်းမြတ်တဲ့ဘုရား၊ ချစ်ကြင်နာ သနားတဲ့ဘုရား၊ တန်ခိုးကြီးတဲ့ဘုရားဖြစ်တယ်။


ဒါဆိုရင် ‘ဒီလိုဂုဏ်တော်တွေနဲ့ ပြည့်စုံတဲ့ဘုရားက မကောင်းမှု၊ အဓမ္မမှုတွေနဲ့အတူ တချိန်တည်း အတူရှိနေဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား’လို့ စောဒကတက်စရာ

ရှိလာပါတယ်။ 


အပြည့်အစုံဖတ်ရှုလိုပါက ဒီမှာ နှိပ်ပါ

အပြည့်အစုံဖတ်ရှုမည်

ဝေမျှလိုက်ပါ