အထီးကျန်ခြင်း
စာဖတ်သူဟာ အထီးကျန်နေတဲ့သူဖြစ်နေခြင်းကြောင့် ဒီကိုရောက်လာတယ်လို့ ထင်ပါတယ်။
ဒါပေမယ့် စိတ်မပူပါနဲ့ စာဖတ်သူအထီးကျန်နေခြင်းများကို ကုစားပေးနိုင်သောသူက မိတ်ဆွေကိုအသင့်စောင့်ကြိုနေပါတယ်။ သူ့ကိုမိတ်ဆွေကမသိပေမယ့် သူကမိတ်ဆွေကိုသိနေပါတယ်။ မိတ်ဆွေအထီးကျန်နေတာ၊ ဝမ်းနည်းနေတာတွေ၊ ကြေကွဲနေတာတွေကို သူသိရှိပြီးသားဖြစ်လျက် မိတ်ဆွေကိုကုစားပေးသွားမှာဖြစ်တယ်။
သူ့ကတော့ "ယေရှုဘုရား" ဖြစ်တယ်။ ကမ္ဘာပေါ်တွင် လူသားများအထီးကျန်လျက် ဖြတ်သန်းနေကြတာပါ။ အထီးကျန်နေခြင်းကို ခံစားရပြီး ကုစားခံလိုတဲ့သူတွေကတော့ ကုစားပေးနိုင်သော "ယေရှုဘုရား"နှင့် နေ့စဉ်ဖြတ်သန်းနေပါပြီ။
မိတ်ဆွေခံစားနေရသော ကြေကွဲမှုတွေ၊ ဝမ်းနည်းမှုတွေ၊ အထီးကျန်မှုတွေကို ယေရှုဘုရားက လုံး၀ကုစားပေးနိုင်ပါတယ်။ ယေရှုဘုရားက ဘာကြောင့်ကုစားပေးနိုင်တာလဲ၊ ဘယ်လိုကုစားပေးမှာလဲ၊ အထီးကျန်နေသူကကော ယေရှုဘုရားထံ ဘယ်လိုဆက်သွယ်လျက် ကုစားပေးဖို့ ဆက်သွယ်ရမလဲဆိုတာကို သမ္မာကျမ်းစာထဲရှိ ယေရှုဘုရား ကုစားပေးခဲ့သော အကြောင်းအရာများကို ဆက်လက်လေ့လာရင်း အထီးကျန်မှုတွေကို ကုစားကြရအောင်။
ဆက်လက်သိရှိလိုပါက အောက်ရှိ "ဆက်လက်လေ့လာမည်" ဆိုတာကို နှိပ်ပေးပါ။