အထီးကျန်ခြင်း
ယေရှုဘုရားအားဖြင့်မိတ်ဆွေ၏အထီးကျန်မှုတွေကိုကုစားဖို့ဒီကိုရောက်လာတာကိုဂုဏ်ယူကြိုဆိုပါတယ်။ လူ့ဘ၀ဆိုတာက ခဏတာပဲဆိုတာပဲဆိုတာကိုလူသားတိုင်းလက်ခံထားပြီးသားဖြစ်ပေမယ့်၊ ထိုတိုတောင်းလှသောလူ့ဘ၀ကို အခက်အခဲတစ်စုံတစ်ရာ၊ အထီးကျန်မှုကြုံလာခဲ့ရင်တောင်မှ အောင်မြင်စွာဖြတ်ကျော်နိုင်ဖို့လိုတာပဲမလား။
သမ္မာကျမ်းစာထဲမှာ ယေရှုဘုရားသည် အထီးကျန်မှုတွေ၊ အခက်အခဲဖြစ်နေသူများကို မစကူညီခဲ့တာကို သမ္မာကျမ်းစာဖတ်ဖူးသူတိုင်း သိရှိပြီးသားဖြစ်ပါတယ်။
သမ္မာကျမ်းစာထဲရှိ ......
ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ် သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။
( ရှင်မဿဲခရစ်ဝင် ၁၁း၂၈-၂၉ )
ယေရှုဘုရားက လူသားတိုင်းကို ဖိတ်ခေါ်နေတာပါ။ မည်ကဲ့သို့သောဝန်တွေဖြစ်နေပါစေ ပင်ပန်းစွာနဲ့ဖြတ်သန်းနေလျက်၊ အထီးကျန်မှုဝန်တွေ၊
မပျော်ရွှင်မှုဝန်တွေ၊ စွန့်ပစ်ခံရမယ်ဝန်တွေ စသည်ဖြင်သောဝန်များနှင့်မည်ကဲ့သို့သောဝန်ဖြစ်ပါစေ ယေရှုဘုရားမှ ဖိတ်ခေါ်ထားလျက် သူကသက်သာအောင်လုပ်ပေးမယ်။
စိတ်နှလုံးသက်သာခြင်းကို ရမယ်လို့လည်း အာမခံထားတာဖြစ်တယ်။
ယေရှုဘုရားက လူ့လောကဖြတ်သန်းနေစဉ်ခံစားနေရသော အထီးကျန်မှုတွေပဲမဟုတ်ပါ၊ နောင်ဘ၀အတွက်ကိုလည်း လူသားများ၏ အကုသိုလ်ပြစ်ကြွေးများကို ယေရှုဘုရားက သူ့ရဲ့အသက်၊အသွေးကို ပေးဆပ်ပေးခဲ့လျက်၊ လူသားများအပယ်မလားရအောင် လုပ်ပေးခဲ့ပြီးဖြစ်ပါတယ်။ သေခဲ့ပြီး(၃)ရက်မြောက်မှာသေခြင်းကိုအောင်ပြီးရှင်ပြန်ထမြောက်ခဲ့ပါတယ်။ ဆိုတော့က ယခုဘ၀အတွက်သာမက နောင်ဘ၀အတွက်ကိုပါ ယေရှုဘုရားက မစပေးတော်မူပါတယ်။
ယေရှုဘုရားကို ရရှိသွားတဲ့သူတွေရဲ့ ပြန်လည်ပြောပြထားသောအချက်များလည်း ရှိသည်။ သိရှိနားထောင်လိုပါက အောက်ရှိ "ဆက်လက်လေ့လာမည်" ဆိုတာကို နှိပ်ပေးပါ။