Podcast နဲ့လည်း နားဆင်နိုင်ပါပြီ

"ယေရှုဘုရားဟာသေခြင်းကို‌ အောင်တော်မူခဲ့လျက် ပြန်လည်ရှင်ပြန်ထမြောက်ခြင်းဟာ ခရစ်ယာန်ဘာသာရဲ့ ထူးခြားချက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အကြောင်းကတော့ အခြားဘာသာများမှာ‌တော့ ထူးမြတ်‌သော ပုဂ္ဂိုလ် ဒါမှမဟုတ် ပညာရှိ‌ဉာဏ်တန်ခိုးရှိသော ပုဂ္ဂိုလ်‌တွေများမှ ဒါက၊ဒီနည်းလမ်းက ဘုရားကိုရှာရန်နည်းလမ်း ဖြစ်တယ်”စသည်ဖြင့်လမ်းပြညွှန်ကြားခြင်း‌များကြောင့်ပါ။ ဘာသာအတော်များများက အထက်ပါလိုပဲအားလုံးအတူတူပဲဖြစ်ကြပါတယ်။


ခရစ်ယာန်ဘာသာဖေါ်ပြချက်ကတော့“ယေရှုဘုရားဟာ ဖန်ဆင်းရှင် ဘုရားသခင်ဖြစ်တယ်၊အဲဒါကို သက်သေပြဖို့ သူကသေခြင်းကို

အောင်မြင်ခဲ့ပြီရှင်ပြန်ထမြောက်လာခဲ့တယ်


အထက်ပါအချက်ကအခြားဘာသာများနှင့်မတူဘဲကွဲပြားခြားနားတဲ့အချက်တစ်ခုဖြစ်ပြီးမိတ်‌ဆွေ အ‌နေနဲ့ခရစ်ယာန်တစ်ဦးဖြစ်ဖို့ရန်၎င်းအချက်ကိုယုံကြည်ဆုပ်ကိုင်ရန်လိုပါတယ်။ဒါ့အပြင်အထက်ပါအချက်နဲ့ပတ်သက်ပြီး၊မိတ်‌ဆွေကိုရှုတ်‌ထွေးစေကောင်းစေနိုင်ပါတယ်။ "အဲဒါဖြစ်ခဲ့တာဟုတ်လို့လား၊သေချာလို့လား"ဆိုတာမျိုးပေါ့။ 

 

သမ္မာကျမ်းစာဖေါ်ပြချက်ကတော့ ယေရှုဘုရားဟာ လူသားများရဲ့အပြစ်အကုသိုလ်တွေကို ကိုယ်စားခံကယ်တင်ပေးဖို့ လောကကို ကြွလာတယ်။

အသက်တော်၊အသွေးတော်ကို စွန့်လှူပူဇော်ပြီး လူသားများကို ကယ်တင်ပေးသွားခဲ့တယ်။အသက်တော်စွန့်ပြီး သင်္ချိုင်းမှာမြှပ်ခဲ့ကြတယ်။အသက်တော်စွန့်ပြီး(၃)ရက် မြောက်တဲ့နေ့မှာသေခြင်းတရားမှ ယေရှုဘုရား ပြန်လည်ရှင်ပြန်ထမြောက်လာခဲ့တယ်။

 

သူပြန်လည်ရှင်ပြန်ထမြောက်ခဲ့တာကို ရောမစစ်သားတွေ အထပ်ထပ်အစောင့်ချထားတဲ့ကြားထဲကနေကို ယေရှုဘုရားကို မြှပ်နှံသောသင်္ချိုင်းဂူတံခါးပွင့်သွားခဲ့ပြီး သေခြင်းကိုအောင်တော်မူခဲ့တာပါ။ဒါ့အပြင် သူရဲ့တပည့်တော်ကြီးတွေကနေ တပည့်တော်များ၊လူပေါင်း(၅၀၀)ကလည်း သက်သေထူထားကြတယ်။

ဆက်လက်ဖတ်ရှုမည်

ဝေမျှနိုင်ပါပြီ